ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်ောတ် အနုပညာရှင်တွေထဲမှာ မိန်းကလေးပရိသတ်တွေအများဆုံးရရှိထားကြတဲ့ မော်လ်ဒယ်မင်းသားချောလေးတွေထဲမှာ တိုင်ရွန်၊ အောင်လေး၊ လင်းအောင်ခေတ်နဲ့ ထက်အောင်ရှိုင်းတို့ပဲ ဖြစ်ပါတယ်နော်..။

အောင်မြင်မှုတွေနဲ့အတူ ပရိသတ်တွေကိုယ်စီရရှိထားကြတဲ့ သူတို့သူငယ်ချင်းလေးယောက်ကတော့ အနုပညာအလုပ်တွေကိုလည်း ကိုယ်စီကိုယ်စီ လုပ်ဆောင်နေကြပြီး ပရိသတ်တွေရဲ့ အသည်းတွေကို ခြွေယူနေကြသူလေးတွေဆိုလည်း မမှားပါဘူးနော်..။


Photo Credit - Xit Thway’s Facebook

ပရိသတ်တွေရဲ့ အသည်းကောျ် မင်းသားချောလေး လေးယောက်ကတော့ သီတင်းလလေးမှာ ချစ်ခင်ရတဲ့ မိဘတွေနဲ့ လူကြီးသူမတွေကို ဂါဝရပြုရှိခိုးကန်တော့ခဲ့ကြသလို အစ်ကိုအရင်းတစ်ယောက်လို အမြဲချစ်ခင်ရတဲ့ အဆိုတော်စစ်သွေးကိုလည်း ဂါဝရပြု ကန်တော့ခဲ့ပါတယ်..။

လေးယောက်ပေါင်းပြီး အဆိုတော်စစ်သွေးကို Surprise လုပ်ပြီး ကန်တော့ကာ လူငယ်တွေပီပီ တစ်ယောက်နဲ့တစ်ယောက် စနောက်ရင်း ခွီနေကြတဲ့ ကြည်နူးစရာပုံရိပ်လေးတွေကလည်း ပရိသတ်တွေကို သဘောကျနေပါတယ်နော်..။


Photo Credit - Xit Thway’s Facebook
Photo Credit - Xit Thway’s Facebook

အဆိုတော်စစ်သွေးကတော့ ညီငယ်လေးတွေရဲ့ ချစ်ခင်မှုလေးတွေနဲ့ သိတတ်မှုလေးတွေကိုလည်း ကြည်နူးပီတိလေးတွေနဲ့အတူ ဝမ်းသာပျော်ရွှင်ခဲ့ရပြီး ညီအစ်ကိုတွေ ပျော်ရွှင်ခဲ့ရတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလညး ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေထားပါသေးတယ်နော်..။

“ကျွန်တော့် ဘဝမှာ အပြင်လောကမှာ ရော အနုပညာလောက မှာရော ညီကို ရင်း မိသားစုလို နေကြတဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ ချစ်ဆုံးညီကိုတွေ က. ကိုစစ် ကို Surprise လုပ်ပြီး ကန်တော့ကြတယ်..ဒီထက်မက အနုပညာလောက မှာ ထိပ်တန်းမင်းသားတွေအဖြစ် အမြဲ ရပ်တည်နိုင်ပါစေဗျာ..” ဆိုပြီး စစ်သွေးက ကြည်နူးပီတိလေးတွေနဲ့အတူ ပြန်လည်ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Xit Thway’s Facebook
Photo Credit - Xit Thway’s Facebook

Photo Credit - Xit Thway’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။