ပုရိသတွေရဲ့အသည်းတွေကို ကြွေအောင် ခြွေချနိုင်သူကတော့ မင်းသမီးချောလေး မေမြင့်မိုရ်ပါ။ သူမဟာရုပ်သံဇာတ်လမ်းတွဲများသာမကပဲ ရုပ်ရှင်ဇာတ်ကားကြီးများကိုပါ ရိုက်ကူးနေရသူပါ။ ပါဝင်တဲ့ဇာတ်ကားတိုင်းကိုလည်း သရုပ်ဆောင်တာပီပြင်မှုတို့တွေကြောင့် အချိန်တိုအတွင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတာပါ။  

Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook

လတ်တလောမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ပျောက်ဆုံးနေသော အမှန်တရား ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးဟာလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ရရှိထားတာပါ။ ဒီဇာတ်လမ်းတွဲလေးမှာတော့ သရုပ်ဆောင်လူမင်း၊မေမြင့်မိုရ်၊နော်ဖောအယ်ထား၊အောင်ရဲထိုက်၊ထူးအောင်စတဲ့ အနုပညာရှင်ပေါင်းများစွာနဲ့ပါဝင်ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားလေးဟာ မနေ့ညကတော့ ဇာတ်သိမ်းခဲ့တာပါ။  

Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook
Photo Credit - May Myint Mo's Facebook

အခုတစ်ခါမှာလည်း ဇာတ်လမ်းတွဲမှာပါဝင်တဲ့ဇာတ်ဝင်ခန်းလေးကိုပါဝင်ကြတဲ့ အနုပညာရှင်များက ဝေမျှထားတာပါ။ မင်းသမီးချောလေးမေမြင့်မိုရ်ကလည်း "ဒီနေ့ဇာတ်သိမ်းပိုင်းလေးကြည့်ဖြစ်လား ချစ်ပရိသတ်ကြီးရေ?

ဘယ်အပိုင်းလေးအကြိုက်ဆုံးလဲ?

#ပျောက်ဆုံးနေသောအမှန်တရား

" ဆိုပြီး ပုံရိပ်လေးတွေဝေမျှထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - May Myint Mo's And Aung Ye Htike's Facebook

Photo Credit - May Myint Mo's Facebook
Photo Credit - Aung Ye Htike's Facebook
Photo Credit - Aung Ye Htike's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။