ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူထွေးကတော့ အခုနောက်ပိုင်းမှာ အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်လာရပြီး စင်ကာပူထိသွားရောက်ကာ ကြော်ငြာတွေတောင်ရိုက်ကူးထားတာဖြစ်ပါတယ်။မိဘအပေါ်လိမ္မာသိတတ်တဲ့ သမီးလေးဖြစ်တာကြောင့်လည်း အောင်မြင်မှုတွေက ထပ်ကြပ်မကွာလိုက်လာပြီး အနုပညာအလုပ်တွေကိုမနားတမ်းလုပ်ဆောင်နေရတာပါနော်။

Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook

ဖြူဖြူထွေးရဲ့ ရိုးသားပွင်းလင်းတဲ့စိတ်ထားလေးကိုလည်း ပရိသတ်တွေက အရမ်းချစ်ကြတာကြောင့် အခုနောက်ပိုင်းမှာ ပိုပိုပြီး အားပေးချစ်ခင်လာကြတာဖြစ်ပါတယ်။ဖြူဖြူထွေးကလည်း မာန်မာနကင်းမဲ့ပြီးလူတန်းစားမရွေးဖော်ရွေစွာဆက်ဆံတတ်ကာ အမြဲတမ်းပြုံးရွင်ပြီး ဟာသတွေလုပ်တတ်တဲ့ မိန်းကလေးဖြစ်လို့ လူချစ်လူခင်ကတော့ အင်မတန်ပေါများပါတယ်နော်။

Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook

အခုဆိုရင်လည်း ဖြူဖြူထွေးက ပရိသတ်အချစ်တော်လေးတစ်ယောက်ဖြစ်တဲ့ ညီညီမောင်နဲ့လည်း ရွှေဆိုင်ကြော်ငြာကိုအတူတူရိုက်ကူးနေတာဖြစ်ပါတယ်။ဖြူဖြူထွေးနဲ့သုသုတို့နှစ်ယောက်က ပထမဆုံးကြော်ငြာအတူတူရိုက်ရတာဖြစ်ပြီး နှစ်ယောက်သားက ခင်မင်ရင်းနှီးစွာနဲ့ ချစ်နေကြတဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook
Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook

Photo Credit:Phyu Phyu Htwe&Nyi Nyi Maung's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။