ပရိသတ်ကြီးရေ အဆိုတော် စန္ဒီမြင့်လွင်ဟာဆိုရင် သမီးလေးတစ်ယောက်ကိုမွေးဖွားထားပြီး ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ဒီးဒီးက လူငယ်ပရိသတ်တွေအရမ်းကြိုက်နှစ်သက်ရတဲ့ တေးသံရှင်တစ်ယောက်ဖြစ်ပြီး ယနေ့အချိန်ထိလည်း သူမရဲ့သီချင်းလေးတွေက ပရိသတ်တွေကြားအရမ်းရေပန်းစားပြီး အောင်မြင်နေဆဲဖြစ်ပါတယ်နော်။

စန္ဒီမြင့်လွင်ကတော့ သမီးချောလေး Treasureကို သေချာဂရုစိုက်စောင့်ရှောက်ပေးနေပြီး Treasure လေးကလည်း ကျန်းကျန်းမာမာ၀၀ဖြိုးဖြိုးနဲ့ကြီးပြင်းလာကာ အခုဆိုရင် သုံးလတောင်ပြည့်သွားပါပြီနော်။Treasure လေးက တဖြည်းဖြည်းနဲ့ မေမေနဲ့ပိုပိုတူလာပြီး ပါးဖောင်းဖောင်းလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတာကြောင့် လူချစ်လူခင်ကလည်းပေါများပါတယ်။

ဒီးဒီးရဲ့ချစ်ခင်ပွန်း ကိုသီဟလွင်က သမီးနဲ့ဇနီးကို လိုလေသေးမရှိအောင်ဂရုစိုက်ပေးပြီး အားတဲ့အချိန်တိုင်းမှာ သမီးလေးကို ကူထိန်းပေးပါတယ်နော်။အခုဆိုရင်တော့ Treasure လေးက မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ မေမေ့ကို တစိမ့်စိမ့်ကြည့်နေပြီး ပြုံးပြနေတဲ့ ချစ်စရာပုံရိပ်လေးကို ချစ်ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thiha Lwin 's IG

Photo Credit:Thiha Lwin 's IG

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။