ပရိသတ်ကြီးရေ....ဒီတစ်ခါမှာတော့ "Sacsay huaman" (စက်ဆေဟွာမန်) တံတိုင်းကြီးအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။ လူသားတို့သည် တံတိုင်းများကို ရှေးဦးကာလထဲက ပိုင်နက်နေမြေများကို သတ်မှတ်ရန်၊ ရန်သူများမဝင်ရောက်ရန်နှင့် ဒေသနေပြည်သူများလုံခြုံစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး တံတိုင်းများကို ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ ခေတ်မီတိုးတက်လာသော ကာလများတွင် အထိမ်းအမှတ်လက္ခဏာများ၊ အနုပညာလက်ရာများဖြင့် တည်ဆောက်လာခဲ့ကြရာ ယနေ့ကမ္ဘာပေါ်တွင် တည်ရှိသော တံတိုင်းအသီးသီးတို့သည် လှပသော လက်ရာရှုခင်းများအဖြစ် ရပ်တည်လျက်ရှိနေပါတယ်...။

photo credit pngtree

စက်ဆေဟွာမန် သည် ပီရူးနိုင်ငံကုစ်ကိုမြို့ အထက်ပိုင်းတွင် အင်ကာ လူမျိုးများ တံတိုင်းဖြင့် ပိတ်ဆို့ကာရံ ထားသည့် နယ်မြေတစ်ခုဖြစ်ပါတယ်...။ ကုစ်ကို မြို့ကို အင်ကာ မင်းဆက်များ၏ အမှတ်လက္ခဏာ တစ်ခုဖြစ်သော ပူးမား တစ်ကောင် ပုံသဏ္ဍာန် တည်ဆောက်ထားပါတယ်...။ ပူမာ၏ ဝမ်းပိုက်နေရာသည် ကုစ်ကိုမြို့၏ ဗဟို ဈေးနေရာဖြစ်ပါတယ်...။ တူလူမေရို မြစ်သည်မြို့၏ ကျောရိုးပုံစံဖြစ်နေကာ စက်ဆေဟွာမန် တောင်တန်းများက ဦးခေါင်းသဖွယ် ဖြစ်နေပါတယ်...။ ယင်း ကုစ်ကိုမြို့တွင် ကြီးမားသော ထုံးကျောက်တုံးများဖြင့် မတူညီသော မြေပြင် အနိမ့်အမြင့် နေရာတွင် တံတိုင်း သုံးခုကို အပြိုင် တည်ဆောက်ထားတာဖြစ်ပါတယ်...။

photo credit pngtree

တံတိုင်းများသည် ကွေ့ကွေ့ ကောက်ကောက်ဖြစ်နေသည့် အတွက် ပူးမား၏ သွားများကို ကိုယ်စားပြုသည်ဟု ဆိုကြသည်။ အောက်ဆုံးအပိုင်းမှ ပထမဆုံး အသုံးပြုခဲ့သော ကျောက်တုံးများသည် အကြီးဆုံးဖြစ်ပါတယ်...။ ယင်းတို့ အနက် အကြီးဆုံး ထုံးကျောက်တုံးသည် ၈ ဒသမ ၅ မီတာ(၂၈ ပေ) ခန့်ရှိကာ တစ်တုံးတည်းပင်လျှင် တန် ၁၄၀ လေးသည် ကို အံ့သြဖွယ် တွေ့မြင်ကြရပါတယ်...။ ကျောက်တုံးများကို ဆက်စပ်ဆောက်လုပ်ထားသည့် စက်ဆေဟွာမန် တံတိုင်း၏ အဆက် များအကြားသို့ စက္ကူ တစ်ရွက်ကိုပင် ထိုးထည့်၍ မရအောင် တည်ဆောက်နိုင်ခဲ့ကြပါတယ်...။ ကျောက်တုံးများကို အလွန် တိကျစွာ အပြန်အလှန် ချိတ်ဆက်လျက် တံတိုင်းကို အတွင်းပိုင်းသို့ အနည်းငယ်ယိုင်ကာ ဆောက်လုပ်ထား သည့် အတွက် ထိုဒေသတွင် လှုပ်ခတ်ခဲ့သော ပြင်းထန်သည့် ငလျင်ဒဏ်ကို ခံနိုင်ခဲ့သည်ဟု ယူဆကြပါတယ်...။

source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။