ချစ်စရာကောင်းတဲ့ ဇနီးမောင်နှံစုံတွဲလေးအဖြစ် ပရိသတ်တွေသတ်မှတ်ထားကြတာကတော့ ရွှေထူးနဲ့ရွှေမှုံတို့ဇနီးမောင်နှံအတွဲလေးပါ။ သူတို့ဇနီးမောင်နှံဟာ ရိုမက်တစ်ဆန်လွန်းတဲ့အတွဲလေးအဖြစ် အနုပညာရှင်များသာမကဘဲ ပရိသတ်တွေကပါ အားကျနေရတာပါ။ သူတို့နှစ်ယောက်လုံးဟာလည်း အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်များအဖြစ် ရပ်တည်နေတာပါ။ 

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

လတ်တလောမှာလည်း ချစ်ဇနီးလေးရဲ့ ရိုက်ကူးရေးအတွက် မန္တလေးမြို့ကို ရောက်ရှိနေတာပါ။ ရွှေမှုံဟာ မန္တလေးက ပရိသတ်များနဲ့ Fan Meeting ပါပြုလုပ်သွားမှာပါ။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်စာမျက်နှာများမှတစ်ဆင့် ဝေမျှလေ့ရှိသူပါ။ သူတို့ရဲ့ပုံရိပ်လေးတွေဟာလည်း အရမ်းကိုလိုက်ဖက်တင့်တယ်လွန်းနေပြီး ချစ်စရာကောင်းလွန်းနေတာပါ။

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

အခုတစ်ခါမှာလည်း ရွှေထူးရဲ့ Facebook myday တွင် " လူကြမ်းနဲ့ရွှေမင်းသမီး " ဆိုပြီး ချစ်ဇနီးလေးနဲ့အတူ စုံတွဲပုံရိပ်လေးတင်ထားတာပါ။ ရွှေမှုံကတော့ မန္တလေးမှာရိုက်ကူးရေးလုပ်နေရပြီး ရွှေထူးကတော့ မန္တလေးတောင်မှာ ပုတီးစိတ်ကာ ကုသိုလ်ယူနေတာပါ။ ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးကိုတစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - Htoo Khant's Facebook Myday

Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook
Photo Credit - Htoo Khant's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။