MRTV 4ရုပ်သံဇာတ်လမ်းတွဲမှတစ်ဆင့်ယခုလက်ရှိချိန်ထိအောင်မြင်နေတဲ့ တည်ကြည်ခန့်ညားပြီးမိန်းကလေးပရိတ်သတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုတခဲနက်ရရှိထားသူကတော့ သရုပ်ဆောင်စည်သူဝင်းပဲ ဖြစ်ပါတယ်။ စည်သူဝင်းဟာ အနုပညာမျိုးရိုးမရှိဘဲ ကိုယ့်ဒူးကိုယ်ချွန်ပြီး အနုပညာလောကမှာအောင်မြင်အောင်ကြိုးစားနေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။သူ့ရဲ့သရုပ်ဆောင်ပီပြင်မှုတွေကြောင့်လည်း အချိန်တိုအတွင်းမှာ ပရိတ်သတ်တွေရဲ့ အားပေးမှု ကို ရရှိခဲ့သူပါ။ 

Photo Credit - Si Thi Win's Facebook
Photo Credit - Si Thi Win's Facebook

စည်သူဝင်းဟာ MRTV 4 မှာပြသခဲ့တဲ့ "နှင်းဆီ" ဆိုတဲ့ဇာတ်လမ်းတွဲမှာလဲ ခေးဆက်သွင်နဲ့အတူ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ဒီဇာတ်လမ်းတွဲလေးဟာလည်း ပရိသတ်တွေရဲ့ နှစ်သက်အားပေးစောင့်ကြည့်ခြင်းကိုခံခဲ့ရတဲ့ ဇာတ်လမ်းတွဲလေးပါ။အခုလက်တလောမှာလည်း စည်သူဝင်းဟာအနုပညာလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်ကိုင်လျှက်ရှိတာပါ။

Photo Credit - Si Thi Win's Facebook
Photo Credit - Si Thi Win's Facebook

လက်ရှိမှာလည်း စည်သူဝင်းဟာ တူရကီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေတာဖြစ်ပြီး သူရဲ့အမိုက်စားရှုခင်းတွေနဲ့ ဓာတ်ဖမ်းထားတဲ့ပုံရိပ်လေးတွေကို တင်ထားတာပါ။အခုတစ်ခေါက်မှာလည်း စည်သူဝင်းကတော့ ဖက်စရာလူမရှိတော့ ကိုကြီးက ဒီကလေးဘဲ ဖက်ခဲ့ရတယ် ဆိုတဲ့စာသားလေးနဲ့အတူ ချစ်စရာကောင်းတဲ့ခွေးလေးနဲ့ ရိုက်ထားတဲ့ဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် တစ်ဆင့်ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

Photo Credit - Si Thi Win's Facebook 

Photo Credit - Si Thi Win's Facebook
Photo Credit - Si Thi Win's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။