ပရိသတ်တွေရဲ့အချစ်တော် မော်လ်ဒယ်သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ တစ်နေ့နဲ့ တစ်နေ့ မရိုးနိုင်အောင် အမိုက်စားပုံရိပ်လေးတွေနဲ့ ပရိသတ်တွေရဲ့ အသည်းတွေကို နေ့စဉ်ခြွေယူထားသူပဲ ဖြစ်ပါတယ်..။

သရုပ်ဆောင်ကောင်းမှုတွေအပြင် ဆွဲဆောင်မှုရှိပြီး ယောင်္ကျားပီသတဲ့ ဟန်ပန်တွေနဲ့ တိရိစ္ဆာန်လေးတွေအပေါ် ချစ်ခင်ကြင်နာတတ်တဲ့ စိတ်ထားလေးတွေကြောင့်လည်း မိန်းကလေးပရိသတ်တွေကြား အမြဲရေပန်းစားနေပြီး ထိုင်းမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ပိုင်ဆိုင်ထားတာပါ..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချောလေး ပိုင်တံခွန်ကတော့ သူအရမ်း Crush ရတဲ့ ထိုင်းမင်းသမီးချောလေး Baifern နဲ့အတူ ရိုက်ကူးထားတဲ့ ကြော်ငြာလေးဟာဆိုရင်လည်း ပရိသတ်တွေကြား ရေပန်းစားအောင်မြင်နေပါတယ်နော်..။

အခုတစ်ခါမှာလည်း ပိုင်တံခွန်တစ်ယောက် ကိုယ်တိုင်ကိတ်မုန့်ဖုတ်နေတဲ့ ဆွဲဆောင်မှုရှိတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ ပရိသတ်တွေကို အချစ်ပိုစေပြန်ပါတယ်နော်..။


Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

မိန်းကလေးပရိသတ်တွေရဲ့ တခဲနက်အားပေးဝန်းရံမှုတွေကို အများဆုံးရရှိထားတဲ့ ပိုင်တံခွန်ကတော့ ယောင်္ကျားပီသပြီး ဆွဲဆောင်မှုတွေရှိလွန်းတဲ့ ကိုယ်တိုင်ကိတ်လုပ်နေတဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ပရိသတ်တွေက သဘောကျနေကြပါတယ်နော်..။

ဒီကနေ့လေးမှာတော့ ပရိသတ်တွေရဲ့ အချစ်တော် မင်းသားချောပိုင်တံခွန်ရဲ့ ဗီဒီယိုဖိုင်လေးကိုလည်း ချစ်ပရိသတ်တွေအားလုံးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။

Photo Credit - Paing Takhon’s Facebook
Photo Credit - Paing Takhon’s Facebook

Photo Credit - Paing Takhon’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။