နူတ်ခမ်းနီမလေးတွေကြားမှာ နာမည်ကြီးနေသူလေး တိုင်ရွန်ကတော့ ယခုမှာ ချစ်ပရိသတ်တွေရဲ့ အချစ်ကိုအပြည့်အဝရရှိထားတဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။သူကတော့ ဆယ်ကျော်သက် မိန်းကလေးတွေ သည်းသည်းလှုပ် အားပေးခံရသူလေးလည်းဖြစ်ပါတယ်။တက်တူးအမိုက်စားနဲ့ အမြဲဖက်ရှင်ကျနေတတ်တဲ့ တိုင်ရွန်ကိုတော့ ပရိသတ်ကြီးချစ်ခင်နှစ်သက်ကြမယ်ထင်ပါတယ်။ ကိုရီးယားမင်းသားတွေ ရှုံးလောက်တဲ့ ရုပ်ရည်နဲ့ body အမိုက်စားကလည်း ပျိုမေတွေရဲ့ အသည်းကျော်အဖြစ် နာမည်ကြီးအောင်မြင်နေသူ ဖြစ်ပါတယ်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

တိုင်ရွန်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားပြီး မိန်းကလေးပရိသတ်တွေအပြင် ယောင်္ကျားလေးပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကိုပါ အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်မင်းသားတစ်ယောက်လည်းဖြစ်ပါတယ်။ အနုပညာမှာဘက်စုံတော်ရုံသာမကပဲ ပရိသတ်တွေအပေါ်ရင်းနှီးဖော်ရွေတတ်ပြီး တည်ကြည်ခန့်ညား ယောင်္ကျားပီသမှုတွေကြောင့်လည်း ပရိသတ်တွေအားလုံးက ချစ်ခင်အားပေးနေတာဆိုလည်း မမှားပါဘူးနော်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

တိုင်ရွန်ကတော့ ခရီးတွေဆက်တိုက် ထွက်နေတာလည်းဖြစ်ပါတယ်။လတ်တလောမှာတော့ ချိုးရုပ် carpet show ကိုဖက်ရှင်အမိုက်စားလေးနဲ့ တက်ရောက်ခဲ့တဲ့ အထာကျကျ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးတွေတိုင်းက တကယ်ကိုခန့်ညားပြီး တိုင်ရွန်တစ်ယောက် ချစ်ဖို့ကောင်းနေတာလည်းဖြစ်တာကြောင့် ကောင်မလေးတွေကြွေစေမှာ အမှန်ပါပဲ..။ ကဲပရိသတ်ကြီးတွက် တိုင်ရွန်ရဲ့ ပွဲတက် ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

Photo Credit:Tyron Bejay Facebook
Photo Credit:Tyron Bejay Facebook

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။