မိန်းကလေးပရိသတ်တွေကတောင် သူမရဲ့ဖြူဖွေးဥနေတဲ့အသားအရည်လေးကို အားကျရလောက်အောင် ချစ်စရာကောင်းလွန်းနေသူလေးကတော့ သရုပ်ဆောင် ဧငြိမ်းဖြူပါ။ သူမဟာ သရုပ်ဆောင်ဘက်တွင်သာမက အကဘက်တွင်ပါ ထူးချွန်သူတစ်ယောက်ပါ။ ကော်ပတ်ရုပ်မလေးလိုချစ်စရာကောင်းတဲ့ အမူအရာလေးတွေကြောင့် အားလုံးက ချစ်မ၀ ဖြစ်နေကြတာပါ။  

Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook

ချစ်သူရဲရင့်အောင်နဲ့လည်း ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလေးကို အတူတကွ လျှောက်လှမ်းနေကြတာပါ။ သူတို့နှစ်ယောက်လုံးဟာ ဝါသနာပါရာအနုပညာအလုပ်တွေကို လုပ်ကိုင်နေကြသူတွေဖြစ်ပြီး အောင်မြင်မှုတွေများစွာရရှိနေကြသူတွေပါ။ သူတို့နှစ်ယောက်ရဲ့ ပုံရိပ်လေးတွေဟာလည်း ပရိသတ်တွေကို အားကျစေတာပါ။  

Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook

ဧငြိမ်းဟာ လတ်တလောမှာ နေ့မအား ညမနားအကတိုက်နေရတာကြောင့် အရမ်းကို ပင်ပန်းနေတာပါ။ ဒီလိုပင်ပန်းနေတဲ့ အချိန်လေးမှာ ချစ်သူရဲရင့်အောင် ပို့လိုက်တဲ့ စာလေးတွေကြောင့် အမောပြေခဲ့ရတယ်ဆိုပြီး သူမရဲ့ Facebook myday လေးမှာတင်ထားတာပါ။ ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။

Photo Credit - A Nyein Phyu's Facebook

Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook
Photo Credit - A Nyein Phyu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။