မက်ဆီနှင့် ရုပ်ချင်းဆင်တာကြောင့် အများကအာရုံစိုက်ခြင်းကို ခံလာရတဲ့ အီရန်နို်င်ငံသား

ပရိသတ်ကြီးရေ မက်ဆီဆိုတာ ကမ္ဘာ့အကောင်းဆုံးဘောလုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး ဘာစီလိုနာအသင်းနဲ ့နို်င်ငံအသင်း အာဂျင်တီးနားရဲ ့မရှိမဖြစ်ကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်။

မက်ဆီရဲ ့ခြေစွမ်းဟာ အလွန်ထူးခြားကောင်းမွန်လှတာကြောင့် နာမည်ကြီးလူကြိုက်များခြင်း ဖြစ်ပါတယ်။

အခုဆိုရင် အံအားသင့်စရာသတင်းလေးကတော့ FIFA ကချီးမြှင့်တဲ့ ကမ္ဘာအကောင်းဆုံးဘောလုံးသမားဆုကို ၅ ကြိမ်တိုင်အောင်ရရှိထားတဲ့ မက်ဆီနဲ ့တူတဲ့သူတစ်ဥိးပေါ်ထွက်လာပါတယ်။ ထိုသူကတော့ ဘောလုံးစွမ်းရည်တူသူ မဟုတ်ဘဲ ရုပ်ရည်ချွတ်စွတ်တူသူဖြစ်ပါတယ်။ တူလား မတူဘူးလားဆိုတာကိုတော့ အီရန်နိုင်ငံသား ရေဇာပါရာစတက်ရှ် နို်င်ငံမြို ့တော် တီဟီရန်မှာ အများပြည်သူနဲ ့အတူ ဓါတ်ပုံရိုက်ခံနေတဲ့ ပုံရိပ်တွေကို ကြည့်ပြီး ပရိသတ်ကြီးက

ဆုံးဖြတ်ပေးလိုက်ပါဦး။

Source: AFP 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။