ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ သန္တာဗိုလ်ကတော့ အကယ်ဒမီမင်းသမီးချောရတနာရဲ့ ညီမလေးဖြစ်ပြီး ချစ်မကြီးလိုပဲ အနုပညာကိုဝါသနာပါတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။သန္တာဗိုလ်က အရပ်အမောင်း၊အလှအပတွေက တစ်နေရာမှာအပြစ်ပြောစရာမရှိလို့ မိန်းကလေးချင်းတောင်လည်ပြန်ငေးသွားရမယ့် အလှတရားအစစ်တွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

သန္တာဗိုလ်က ဗီဒီယိုဇာတ်ကားကြီးတွေ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင်သရုပ်ဆောင်ပြီး ကြော်ငြာတွေလည်းအများအပြားရိုက်ကူးနေတာဖြစ်ပါတယ်။သန္တာဗိုလ်နဲ့ ကောင်းပြည့်တို့နှစ်ယောက်ကလည်း အနုပညာအလုပ်တွေကို အတူတူတွဲပြီးလုပ်ကိုင်ကြပြီး အေးအတူပူအမျှနဲ့လက်တွဲနေကြတာ နှစ်တွေအများကြီးရှိနေပြီဖြစ်တဲ့ စုံတွဲလေးပဲဖြစ်ပါတယ်နော်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

သန္တာဗိုလ်ရဲ့ international ဆန်တဲ့အလှတရားတွေက အခုနောက်ပိုင်းမှာ ပိုပိုပြီး လန်းလာပါတယ်နော်။အမြဲတမ်းစတိုင်လ်ကျလှပနေတဲ့ သန္တာဗိုလ်က ဖက်ရှင်အမြင်လည်းရှိတာကြောင့် သူမရဲ့ဒီဇိုင်းပိုင်းကလည်းအရမ်းမိုက်ပါတယ်။အခုဆိုရင်လည်း သူမရဲ့ပေါင်တံသွယ်သွယ်အလှတရားတွေကို ပေါ်လွင်စေတဲ့ အမိုက်စားဖက်ရှင်ကြောင့် အရမ်းလန်းနေတဲ့ပုံရိပ်လေးတွေကို ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook
Photo Credit:Thandar Bo's Facebook

Photo Credit:Thandar Bo's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။