photo credit - Dota2blog

Electronic sports အားကစားသတော့ အခြားသော နိုင်ငံတွေဟာ တော်တော်လေး ထွန်းကားတဲ့ အားကစားတစ်မျိုးဖြစ်ပေမယ့် ကျနော်တို့မြန်မာနိုင်ငံမှာတော့ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကားလာတာမျိုး မရှိသေးပါဘူး။

Gamers တွေအနေနဲ့လည်း game ဆော့ရဖို့အတွက် အိမ်နဲ့အတိုက်အခံလုပ်ရ ဆော့ဖို့အတွက် ဂိမ်းဖိုးမရှိလို့ အခက်အခဲတွေကြုံရ နဲ့ အခက်အခဲပင်လယ်ထဲမှာ ပိတ်မိနေပြီး ထင်ထားသလောက် ဖြစ်မလာနိုင်တဲ့ အခြေအနေမျိုးတွေ အများကြီးကြုံတွေ့နေရတာပဲဖြစ်ပါတယ်။

အခုနောက်ပိုင်းမှာတော့ gamers တွေကို လစာပေးပြီး ခေါ်ယူတဲ့ esports အဖွဲ့အစည်းတွေ မြန်မာနိုင်ငံထဲမှာ အနည်းငယ်ရှိလာပေမယ့် အခွင့်အလမ်းတွေကတော့ အများကြီးမရှိသေးပါဘူး။

ကျနော်တို့နဲ့အတူ SEA region တစ်ခုထဲမှာ အတူရှိတဲ့ မလေးရှားနိုင်ငံကတော့လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ Esports အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ 4.8 သန်း အသုံးပြုသွားမယ်လို့ တရားဝင်ကြေညာခဲ့ပြီပဲဖြစ်ပါတယ်။

ဒီဒေါ်လာ 4.8 သန်းကတော့ မလေးရှားအစိုးရက ထုတ်ပေးတဲ့ ဘတ်ဂျတ်ဝင်ငွေဖြစ်ပြီး မြန်မာငွေနဲ့တွက်ကြည့်လိုက်မယ်ဆိုရင် သိန်းပေါင်း ၇ သောင်းကျော်လောက်တန်ကြေးရှိတဲ့ ငွေပမာဏပဲဖြစ်ပါတယ်။

မလေးရှားနိုင်ငံဟာ လာမယ့် ၂၀၂၀ ခုနှစ်အတွင်းမှာ Malaysia’s National Esports League ကို စတင်ကျင်းပြုလုပ်ပေးသွားမှာဖြစ်သလို နိုင်ငံအတွင်းမှာ Esports အားကစားဖွံ့ဖြိုးတိုးတက်ဖို့ကို အလေးထားလုပ်ဆောင်သွားတော့မှာပဲဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝှမ်းမှာလည်း Esports လေ့ကျင့်ရေးစခန်းတွေ ဖွင့်လှစ်သွားဖို့လည်း ရှိနေပါတယ်။

ဒီပုံစံအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ မလေးရှားနိုင်ငံရဲ့ Esports လောကမှာ Sea region မှာနာမည်တစ်ခု ရရှိလာဖို့ဆိုတာ သိပ်မကြာနိုင်တော့ပါဘူး။

ကျနော်တို့ မြန်မာနိုင်ငံထဲက gamers တွေအတွက်လည်း ဒီလိုအခွင့်အလမ်းတွေ အမြန်ဆုံးရောက်ရှိလာပါစေဖို့ ဆုတောင်းပေးလိုက်ပါရစေ ။

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။