ပရိသတ်ကြီးရေ.....ဒီတစ်ပါတ်မှာတော့ နာဇီတွေရဲ့ နာမည်ကြီး အကျဉ်းစခန်းတွေဖြစ်ကြတဲ့ "Holocaust" နှင့် "Auschwitz "အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်....။ ထူးဆန်းစွာ လူတစ်ယောက်ရဲ့ အိမ်မက်ထဲက အကျဉ်းထောင်ပုံတွေနဲ့ ထိုအကျဉ်းထောင်ပုံတွေက တစ်ထပ်တည်း သွားတူနေတာဖြစ်ပါတယ်...။ ထိုလူက ပိုလန်နိုင်ငံသား "Timothy C" ဆိုသူဖြစ်ပြီး သူပြောပြခဲ့တဲ့ အကြောင်းတွေကို ဗဟုသုတဖြစ်ဖွယ် တင်ဆက်ပေးသွားမှာပါနော်...။ 2011ခုနှစ်မှာ ကျွန်တော်ထူးဆန်းတဲ့ အိမ်မက်တစ်ခုကို မြင်မက်ခဲ့ပါတယ်...။ ဆီးနှင်းတွေထူထပ်စွာကျနေ့တဲ့ နေရာတစ်ခုက အဆောက်အဦးတစ်ခု ရဲ့ အမိုးအောက်မှာ ကျွန်တော် ရောက်ရှိနေတယ်...။ အဲ့ဒီ နေရာက ထောင်တစ်ခုလိုလို အကျဉ်း စခန်း တစ်ခုလိုလိုပါ...။
ကျွန်တော်က အစိမ်းရောင်ရှိတဲ့ အရာရှိဝတ်စုံ တစ်ခုကို စမါတ် ကျကျ ဝတ်ဆင်ထားတယ် နောက်ပြီး ကျွန်တော့ရှေ့မှာ အင်္ကျီမပါတဲ့သူတွေ တန်းစီပြီး အမှတ်စဉ်မှတ်နေစဉ် ကျွန်တော့လက်ထဲ မှာ သတင်းစာ တစ်စောင် ရှိနေလို့ နေ့စွဲကို ကြည်လိုက်တော့ 19 th Nov 1939 လို့တွေ့လိုက်ပြီး စာတွေက တစ်ခြားဘာသာလိုရေး ထားပေမဲ့ ကျွန်တော် ဖတ်တတ်တယ်...။ တန်းစီနေတဲ့သူတွေကို ကြည့်နေရင်း ကြည့်နေရင်း သူတို့ဟာ အကျဉ်းသားတွေဆိုတာ သိလာတယ်...။ သူတို့ပုံတွေက အစားအစာ ဝဝ လင်လင် စားထားရပုံမပေါ်ဘူး...။ နောက်တော့ သူတို့ ရုန်းရင်းဆန်ခတ် စတင်ပြေးလွားကြပြီး တစ်ချို့က လျှပ်စစ်သံစူးကြိုးတွေပေါ်ကို ပြေးတက်၊ တစ်ချို့က သေနပ်မှန် တစ်ချို့က ဒါဏ်ရာရ ပြီး ညည်းတွား နေကြတယ် နောက်တော့ ကျွန်တော့ ဦးခေါင်း ကိုသေနပ် ထိမှန်တဲ့ ခံစားမှုမျိုး ခံစားရပြီး ကျွန်တော့ ခန္ဓာကိုယ်ဟာ လေထဲကို လွင့်ပါသွားသလို ခံစားရပြီး အိမ်မက်ကနေ လန့်နိုးသွားခဲ့ပါတယ်။
ဒီလိုနဲ့ ကျွန်တော်အိပ်ရာကနိုးပြီး Website တွေက အကျဉ်းထောင်ပုံတွေ လိုက်ကြည့်တော့ အိမ်မက်ထဲက အကျဉ်းထောင်ပုံနဲ့ နာဇီတို့ရဲ့ Holocaust အကျဉ်းစခန်းနှင့် တစ်ထပ်တည်းတူနေတာပဲဖြစ်ပါတယ်....။ ဒီလိုဆို သူပြောခဲ့တဲ့ ဟစ်တစ်လာရဲ့ နာမ်မည်ကြီး Holocaust အကျဉ်းစခန်းပုံတွေ နဲ့ Auschwitz အကျဉ်းစခန်းပုံတွေကို adminနဲ့အတူ တစ်ချက်လေ့လာကြည့်ရအောင်နော်...။ 1933 ခုနှစ်ကစပြီး 1945 ခုနှစ် အတွင်းမှာနာဇီတွေဟာ အကျဉ်းစခန်းပေါင်း 20000 ကျော်ကိုတည်ဆောက်ခဲ့ကြပါတယ်...။ သန်းပေါင်းများစွာသော အကျဉ်းသားတွေကို နာဇီများဟာ အဆောက်အဦးတွေတည်ဆောက်ဖို့l မေးမြန်းစုံစမ်းဖို့l လမ်းဖောက်ဖို့l ဆေးသုသေသန လုပ်ဖို့နှင့် အခြားသော ကိစ္စတွေကို အသုံးချဖို့ ဖမ်းဆီး ထိမ်းသိမ်းခဲ့ပါတယ်...။ နောက်ပြီး အဆိပ်ငွေ့ လူသတ်ခန်းမ တွေကိုတောင် တည်ဆောက်ခဲ့ကြတာဖြစ်ပါတယ်...။
source Once A Glance Page
Photo Credit Once A Glance Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။