မင်းသမီးချောလေး ဝါဆိုမိုးဦးကတော့ အနုပညာလမ်းကြောင်းပေါ်မှာ အောင်မြင်စွာရပ်တည်နေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။ ကလေးဘဝကတည်းက ဇာတ်ကားတွေရိုက်ကူးခဲ့ရတဲ့ ဝါဆိုမိုးဦးက အခုချိန်အထိလည်း ရုပ်ရှင်ဇာတ်ကားတွေ ကြော်ငြာတွေမှာ ပါဝင်သရုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် သာယာချိုမြတဲ့ အသံလေးကိုပိုင်ဆိုင်ထားတဲ့ ဝါဆိုက တေးသီချင်းလေးတွေလည်း ဖန်တီးသီဆိုနေတာ ဖြစ်ပါတယ်။

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

နာမည်ကြီးအဆိုတော် ဖြိုးလေးရဲ့ချစ်သူလေးလည်းဖြစ်တဲ့ ဝါဆိုက ပရိသတ်တွေအားကျနေရတဲ့ အချစ်ရေးမျိုးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုတို့ချစ်သူနှစ်ဦးက ပရိသတ်တွေအားလုံးကို အသိပေးပြီး Official တွဲနေကြတာလည်း ဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဝါဆိုမိုးဦးတို့စုံတွဲက မွန်ပြည်နယ်မှာရှိတဲ့ ကျိုက်ခမီရေလည်ဘုရားကို နှစ်ယောက်အတူသွားဖူးရင်း ငါးစာကျွေးကာ ကုသိုလ်ယူဖြစ်ခဲ့ကြပါတယ်။

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

ဝါဆိုက " ကျိုက်က္ခမီ ရေလည်ဘုရားဖူးရင် ငါးစာလေးတွေကျွေးကြတယ် " ဆိုပြီး ချစ်သူနဲ့ပုံရိပ်လေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ ချစ်သူသက်တမ်း (၃) နှစ်ကျော်ရှိနေပြီဖြစ်တဲ့ ဖြိုးလေးနဲ့ဝါဆိုတို့စုံတွဲလေးကတော့ အခုလိုပဲ မကြာခဏခရီးတွေထွက်နေရင်း လည်ပတ်လေ့ရှိတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျိုက်ခမီရေလည်ဘုရားကို ရောက်ရှိနေတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Warso Moe Oo's FB 

Photo Credit-Warso Moe Oo's FB
Photo Credit-Warso Moe Oo's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။