သင်ဇာလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသမီးဒချော သင်ဇာဝင့်ကျော်ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပါပဲ..။

သရုပ်ဆောင်ပိုင်နိုင်ကျွမ်းကျင်မှုတွေအပြင် ညို့အားပြင်းလွန်းပြီး အချိုးအစားပြေပြစ်တဲ့ ခန္ဓာကိုယ်အလှတရားတွေနဲ့ အထာကျကျဖက်ရှင်အလန်းစားတွေကြောင့် ပုရိသပရိသတ်တွေကြား အမြဲရေပန်းစားနေသူလေးပဲ ဖြစ်ပါတယ်..။


Photo Credit - Thin Zar Wint Kyaw’s Facebook
Photo Credit - Thin Zar Wint Kyaw’s Facebook

ပရိသတ်တွေရဲ့ အသည်းကျော်လေး သင်ဇာကတော့ အောင်မြင်ကျော်ကြားတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ဦးအဖြစ် ရပ်တည်နေသလို လှူဒါန်းမှုလေးတွေကိုလည်း မကြာခဏပြုလုပ်လေ့ရှိပြီး အခုတစ်ခါမှာလည်း ပရဟိတဂေဟာလေးတစ်ခုမှာ လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပြန်ပါတယ်..။

ချစ်စရာကောင်းပြီး သဒ္ဓါတရားထက်သန်တဲ့ သင်ဇာလေးကတော့ “ရှမ်းချယ်ရီ ပရဟိတ ပညာရေးဂေဟာ” လေးမှာ ကလေးငယ်လေးတွေ ပညာရေးအတွက် ကိုယ်တိုင်ကိုယ်ကျသွားရောက် လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်..။


Photo Credit - Thin Zar Wint Kyaw’s Facebook
Photo Credit - Thin Zar Wint Kyaw’s Facebook

သွားရောက်လှူဒါန်းခဲ့တဲ့ ကြည်နူးစရာ အလှူပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကိုလည်း ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်မျှဝေယူနိုင်ဖို့အတွက် သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြန်လည်မျှဝေထားပါသေးတယ်နော်..။

ချစ်ရတဲ့ အသည်းကျော် ချစ်ပရိသတ်တွေလည်း သင်ဇာလေးနဲ့အတူ ကုသိုလ်မျှဝေယူနိုင်ကြလို့ အားလုံးက သဘောကျနေကြပြီး သင်ဇာလေးကို အချစ်ပိုနေကြပါတယ်နော်..။

Photo Credit - Thin Zar Wint Kyaw’s Facebook
Photo Credit - Thin Zar Wint Kyaw’s Facebook

Photo Credit - Thin Zar Wint Kyaw’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။