မင်းသမီးလေး အေးဝတ်ရည်သောင်းလို့ဆိုလိုက်တာနဲ့ VCD ခေတ်ကတည်းက ပရိသတ်တွေ သည်းသည်းလှုပ်ချစ်ခင်အားပေးခဲ့ကြမယ် ထင်ပါတယ်။ တစ်ချိန်က နက်မှောင်လှပတဲ့ ဆံနွယ်ရှည်ကြီးတွေနဲ့ ပရိသတ်တွေရဲ့နှလုံးသားမှာနေရာယူခဲ့တဲ့ အေးဝတ်ရည်သောင်းက အခုခေတ်မှာတော့ မအေးသောင်းအဖြစ် တစ်ဖန်ပြန်လည်ရေပန်းစားနေတာ ဖြစ်ပါတယ်။ မအေးသောင်းက မြင်သူတိုင်းရင်အေးစေတဲ့အလှပိုင်ရှင်မျိုးဆိုရင်လည်း မမှားပါဘူးနော်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

ရုပ်ရှင်ဇာတ်ကားကြီးတွေ ပြန်လည်ရိုက်ကူးလာပြီး ပိတ်ကားထက်မှာ နေရာယူလာခဲ့တဲ့ မအေးသောင်းတစ်ယောက် အနုပညာလှုပ်ရှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း မအေးသောင်းက ပွဲအခမ်းအနားတွေ တစ်ခုပြီးတစ်ခုတက်ရောက်နေတာ ဖြစ်ပါတယ်။ အပျော်တမ်း Tik Tok ဗီဒီယိုလေးတွေ ရိုက်ကူးလေ့ရှိတဲ့ မအေးသောင်းက အခုလည်း ခရီးသွားရင်း ဗီဒီယိုလေးတစ်ခု ရိုက်ကူးဖြစ်ခဲ့ပါတယ်။

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

ဒီဗီဒီယိုလေးမှာတော့ မအေးသောင်းက ကလေးတစ်ယောက်လို ခုန်ပေါက်ရင်း ပြေးလွှားပျော်ရွှင်နေတဲ့ပုံစံမျိုးလေး ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေအပြင် ဆံနွယ်လေးတွေကို လေမှာဝဲပျံသွားလောက်အောင် တစ်ပတ်လှည့်ပြလိုက်တဲ့ မအေးသောင်းရဲ့အမူအရာလေးတွေကတော့ တကယ့်ကိုအသည်းယားချင်စရာလေးတွေပါပဲနော်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချော မအေးသောင်းရဲ့ Tik Tok ဗီဒီယိုလေးကို အောက်မှာပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo & Video Credit-Aye Thaung's FB 

Photo Credit-Aye Thaung's FB
Photo Credit-Aye Thaung's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။