မော်ဒယ်၊ သရုပ်ဆောင် မင်းသားချောလေး တိုင်ရွန်ကတော့ လက်ရှိအချိန်မှာ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဇာတ်လမ်းတွဲတွေ အဆက်မပြတ်လက်ခံရိုက်ကူးနေရတဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ ယောက်ျားပီသပြီး ချောမောခန့်ညားတဲ့ ရုပ်ရည်ကြောင့် ပျိုမဒီတွေကြားမှာ မျက်နှာပွင့်နေတဲ့ တိုင်ရွန်က ဗလတောင့်တောင့်နဲ့ ကျစ်လျစ်တဲ့ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားသူလည်း ဖြစ်ပါတယ်။

Photo credit:Tyron Bejay Facebook
Photo credit:Tyron Bejay Facebook

သူကတော့ အနုပညာအလုပ်တွေ ဇာတ်တိုက်လုပ်ကိုင် နေတာဖြစ်ပြီး သူရဲ့ အနုပညာ လှုပ်ရှားမှုပုံရိပ်တွေကိုလည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။လတ်တလောမှာတော့ သူ့ကိုလွမ်းနေတဲ့ ပရိသတ်တွေတွက် ရိုက်ကွင်းက ပုံလေးတွေကို သူရဲ့ အကောင့်မှာဖော်ပြထားတာတွေ့ရပါတယ်။တိုင်ရွန်ကတော့ အနုပညာအလုပ်တွေဆက်တိုက်လုပ်နေသလို ခရီးတွေလည်းထွက်ရှိနေတာဖြစ်ပါတယ်။

Photo credit:Tyron Bejay Facebook
Photo credit:Tyron Bejay Facebook

အမြဲစမတ်ကျကာ ယောင်္ကျားပီသတဲ့ ဖက်ရှင်ဒီဇိုင်းပုံရိပ်တွေကြောင့် ဆယ်ကျော်သက် မိန်းကလေးတွေ ရဲ့ ချစ်ခင်အားပေးခြင်းခံနေရသူဖြစ်ပါတယ်။ကဲ..ချစ်ပရိတ်သတ်ကြီးတွက် တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ကြည့်ရူ့နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ရှေ့ဆက်ပြီးလည်း တိုင်ရွန်ရဲ့ အနုပညာအလုပ်တွေကို ဆက်လက်အားပေးလိုက်ပါအုံးနော်။

Photo credit:Tyron Bejay Facebook
Photo credit:Tyron Bejay Facebook

Source:Tyron Bejay

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။