ပရိသတ်ကြီးရေ မင်းသမီးချောတစ်ယောက်ဖြစ်တဲ့ နန္ဒာလှိုင်ဟာဆိုရင် အနုပညာလောကမှာ အောင်မြင်မှုတွေနဲ့ ပရိသတ်တွေရဲ့ အချစ်များစွာကို ရရှိခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။နန္ဒာလှိုင်က အခုချိန်မှာတော့ အနုပညာအလုပ်တွေကို မလုပ်ဆောင်တော့ပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာထာဝရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လို့ ယနေ့အချိန်ထိ အားပေးချစ်ခင်နေကြဆဲပဲဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

နန္ဒာလှိုင်က ပျော်ရွှင်နွေးထွေးတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးသုံးယောက်ကိုမွေးဖွားထားတာကြောင့် မိသားစုဝင်တွေအများကြီးနဲ့ စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းရှိလှပါတယ်နော်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်းကတော့ သမီးတွေနဲ့ချစ်ဇနီးအပေါ်ကို လိုလေသေးမရှိအောင်ဂရုစိုက်စောင့်ရှောက်ပေးတာကြောင့် အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ပီသတဲ့သူဖြစ်ပါတယ်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

အခုဆိုရင်တော့ နန္ဒာလှိုင်တို့မိသားစုအကုန်လုံးက ဘားအံဘက်ကို ပျော်ပျော်ပါးပါးခရီးထွက်နေကြတာဖြစ်ပါတယ်။နန္ဒာလှိုင်ကတော့ ရောက်လေရာနေရာမှာ စည်းစနစ်ကျတဲ့အိမ်ရှင်မတစ်ယောက်ဖြစ်တာကြောင့် အခုဆိုရင်လည်း"ကိုယ့်ဟိုတယ်မှာ ကိုယ့်အခန်းကို ကိုယ်တိုင်ဖုန်စုတ်တယ်။ ရေကန်အမှိုက် ကိုယ်တိုင်ရှင်းတယ်။ အပင်တွေ လိုက်ညှပ်တယ်။ ယောင်္ကျား အတွက် rum စပ်ပေးတယ်။"ဆိုပြီး ချစ်ဇနီးလေးအလုပ်ရှုပ်နေတဲ့ပုံရိပ်လေးတွေကို ဦးဇေသီဟက ဓာတ်ပုံရိုက်ထားတာဖြစ်ပါတယ်နော်။

Photo Credit:Zay Thiha's Facebook
Photo Credit:Zay Thiha's Facebook

Photo Credit:Zay Thiha's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။