မြန်မာဂုဏ်ဆောင် သက်ထားသူဇာကတော့ နိုင်ငံတကာမှာ ရွှေတံဆိပ်ဆုတွေကို ဆွတ်ခူးထားနိုင်ပြီး ထူးချွန်တဲ့ အားကစားသမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမကတော့ ယခုမှာ နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲဖြစ်တဲ့ Egypt International Series 2019မှာ ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမယ့်အကြောင်း ပြောထားခဲ့ပါတယ်။

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

သူမကတော့ Egypt International Series 2019မနက်ဖြန်ပြိုင်ဘက်ကတော့ အိမ်ရှင် အီဂျစ် နိုင်ငံမှ ကစားသမား Jana HESHAM MOHAMED ABDELKADER ဖြစ်ပြီးမနက်ဖြန် မနက် 9:40AM(အီဂျစ်အချိန်)02:10 PM (မြန်မာအချိန်) မှာ ယှဉ်ပြိုင်ကစားသွားမှာပဲဖြစ်ပါတယ်ရှင့် နောက်တစ်ဆင့်ပြိုင်ပွဲ(Quater Final) ကို ညနေပိုင်း 5:40 PM(အီဂျစ် အချိန်) 10:10PM (မြန်မာအချိန်) မှာဆက်လက်ယှဉ်ပြိုင်ရပါမယ်။

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

သူမကတော့ " မနှစ်က ပြိုင်ပွဲမှာတုန်းကလည်း ရွှေရခဲ့ပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ ပထမဆုံး ရွှေရခဲ့တဲ့ ပြိုင်ပွဲလဲ ဖြစ်ပါတယ်။ဒါကြောင့် ဒီနှစ်ပြိုင်ပွဲကိုလည်း ရွှေရအောင် အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာမို့ အားပေးကြပါဦးရှင့်Live မလွင့်ဖြစ်ပါဘူးရှင့်Semi Final နဲ့ ဗိုလ်လုပွဲတွေကိုတော့ လွင့်ပါမယ်ရှင့် " ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။

SOURCE: THET HTAR Thuzar 's facebook 

PHOTO CREDIT: THET HTAR Thuzar 's facebook
PHOTO CREDIT: THET HTAR Thuzar 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။