ခုရက်ပိုင်းမှာ နာကူလူမှုရေးအဖွဲ့တစ်ဖွဲ့ရဲ့ အလောင်းသွားပို့ရင်းအပြန်ကြုံခဲ့ရတဲ့ ခေါင်းပြတ်တစ္စေရဲ့ အကြောင်းကို

လူမှုကွန်ယက်မှာ တင်ထားခဲ့ရာမှ ပျံနှံသွားပြီး သူတို့ရိုက်ယူလာခဲ့သောပုံများကို Photoshop နဲ့ ပြုပြင်ထားတာဟုတ်မဟုတ်

ငြင်းခုန်မှုများလဲရှိလာခဲ့ပါတယ် ။ သဘာဝလွန်ကိစ္စတွေကိုစိတ်ဝင်တစားလိုက်လေ့လာတဲ့ဝါသနာတူလူငယ်များစုစည်းထားသော

Ghost Hunters - Myanmar အဖွဲ့ကသွားရောက်လေ့လာမယ်လို့သိရပါတယ် ။ အဖွဲ့ရဲ့ တရားဝင်စာမျက်နှာမှာ

ထိုတစ္စေနဲ့ ကြုံတွေ့ခဲ့တဲ့နေရာကို အတိအကျမေးမြန်းပြင်ဆင်ထားတာကိုတွေ့ရပါတယ် ။ အဆိုပါ Ghost Hunters - Myanmar အဖွဲ့ဟာ

ယခင်က သရဲခြောက်ကြောင်း လူပြောများသောနေရာများကို ညအချိန်တွေမှာသွားရောက်၍ ပရလောကကိုစိတ်ဝင်စားသော ပရိတ်သတ်များအတွက် အဖွဲ့ရဲ့ facebook page မှာ live လွှင့်ကာ တင်ဆက်ပေးလေ့ရှိပါတယ် ။ နိုင်ငံတကာမှာ ထိုကဲ့သို့ သဘာဝလွန်ဖြစ်ရပ်များကို စူးစမ်းလေ့လာသောအဖွဲ့များရှိသော်လည်း မြန်မာနိုင်ငံမှာတော့ Ghost Hunters - Myanmar ကပထမဆုံး အဖွဲ့ ဖြစ်ပါတယ် ။

Source : Ghost Hunters - Myanmar

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။