သရုပ်ဆောင်မင်းသားချော မြင့်မြတ်ကတော့ စိတ်သဘောထားကောင်းပြီး ပရိသတ်တွေအားလုံးအပေါ်မှာ ဖော်ဖော်ရွေရွေဆက်ဆံတတ်တဲ့ အနုပညာရှင်ကောင်းတစ်ယောက် ဖြစ်ပါတယ်။ အနု၊အကြမ်းစတဲ့ ဇာတ်ရုပ်မျိုးစုံကို အိုက်တင်ပီပြင်စွာ သရုပ်ဆောင်နိုင်တဲ့ မြင့်မြတ်ကို ပရိသတ်တွေက အမာခံအားပေးနေကြတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြင့်မြတ်ရဲ့သားလေးကလည်း အခုဆိုရင် ပရိသတ်တွေရဲ့အချစ်တော်လေး ဖြစ်လို့နေပါတယ်။

Photo Credit- Myat Wai Tun's FB
Photo Credit- Myat Wai Tun's FB
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

ဂျူနီယာမြင့်မြတ်လေးလို့ အားလုံးကချစ်စနိုးခေါ်ဝေါ်ကြတဲ့ မြင့်မြတ်ရဲ့သားလေးကတော့ ပါးဖောင်းဖောင်းလေးတွေနဲ့ မြင်သူတိုင်းချစ်ရတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ဂျူနီယာမြင့်မြတ်လေးက ဖေဖေမြင့်မြတ်လို ခန့်ချောကြီးဖြစ်ပြီး ဓာတ်ပုံရိုက်တိုင်း ချစ်စရာပို့စ်လေးတွေလည်း ပေးတတ်သူလေးပါ။ အခုလည်း မြင့်မြတ်ရဲ့ချစ်ဇနီးချောလေးက မွေးနေ့မှာသားလေးနဲ့အတူ Selfie ရိုက်ရင်း ပျော်ရွှင်နေတာ တွေ့ရပါတယ်။

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

ဂျူနီယာမြင့်မြတ်လေးတို့သားအမိနှစ်ယောက်ကတော့ ရုပ်ချင်းလည်းဆင်ကြသလို အရမ်းချစ်ဖို့ကောင်းနေကြတာ ဖြစ်ပါတယ်။ မြင့်မြတ်ရဲ့သားလေးကတော့ ချစ်မေမေနဲ့အတူ Selfie ရိုက်ရင်း မျက်လုံးအဝိုင်းသားလေးတွေနဲ့ လိုက်ကြည့်နေတာလည်း တွေ့ရပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ချစ်စရာကောင်းတဲ့ ဂျူနီယာမြင့်မြတ်လေးတို့ သားအမိနှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page &Myat Wai Tun's Fb

Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page
Photo Credit- Myat Wai Tun's FB
Photo Credit-ဂျူနီယာမြင့်မြတ်လေး FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။