ပရိသတ်ကြီးကို ဒီတစ်ခါ ဖော်ပြပေးချင်တာကတော့ ထူးထူးဆန်းဆန်း ဦးခေါင်းနှစ်လုံးပါရှိလာတဲ့ ကလေးလေးပဲ ဖြစ်ပါတယ်။ ဒီကလေးကိုတော့ အီဂျစ်နိုင်ငံ ကိုင်ရို မြို့မြောက်ဘက် ဘန်ဟာမြို့မှာ မွေးဖွားခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကလေးမလေးရဲ့ နာမည်ကတော့ မာနာမာဂက်ဖြစ်ပြီး မိခင်ဝမ်းထဲမှ မွေးလာကတည်းက ဦးခေါင်းနှစ်လုံးနဲ့ မွေးဖွားလာတာပဲ ဖြစ်ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ဆေးပညာသမိုင်းမှာတော့ ဦခေါင်းနှစ်လုံးပါလာတဲ့ ကလေးငယ် ၁၀ယောက်ကို ခွဲစိတ်ရာမှာ သုံးယောက်သာ အောင်မြင်စွာနဲ့ မွေးဖွားပေးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို မွေးဖွားလာတဲ့ ကလေးတွေဟာ အသက်ရှင်နိုင်ခြေအလွန်နည်းပါးလှတယ်လို့ ဆေးပညာကျွမ်းကျင်သူများက ပြောကြားထားပါတယ်။ ဒီလို ဦးခေါင်း နှစ်လုံး အဖြစ်မွေးဖွားခြင်းမျိုးဟာ အလွန်ရှားပါးပြီး ဖြစ်တောင့် ဖြစ်ခဲလှတဲ့ အနေအထားလည်း ဖြစ်ပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

ဒီလိုမျိုး ဦးခေါင်းနှစ်လုံးပါလာတဲ့ ကလေးလေးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံမြောက်ပိုင်း၊ရာဂျက်စ်သန်မြို့ရှိ နေရူး ဆေးပညာ ကောလိပ် မှာ အသက် ၂၀ အရွယ်ရှိတဲ့ မိန်းကလေးတစ်သီးဟာ ဦးခေါင်းနှစ်လုံး ပါရှိပြီး အလေးချိန် ၆ ပေါင် ၇ အောင်စရှိသည့် ယောက်ျားလေးကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့က အောင်မြင်စွာ မွေးဖွားနိုင် ခဲ့တယ်လို့ ဆေးပညာ မှတ်တမ်း တွေမှာ ဖော်ပြထားပါတယ်။

Photo Source : Pngtree
Photo Source : Pngtree

Source : မောင်သာရှေးဟောင်းသုတေသန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။