ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားပြီး အနုပညာလောကမှာ အောင်မြင်နေကြသလို ကြည်နူးအးကျစရာကောင်းတဲ့ အချစ်တွေနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စုံတွဲလေးကတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ပဲ ဖြစ်ပါတယ်နော်..။

လိုက်ဖက်ညီလွန်းလို့ ရွှေရွှေစုံတွဲလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူတို့ဇနီးမောင်နှံကတော့ တစ်ယောက်ကို တစ်ယောက် ချစ်ခင်ကြင်နာမှုလေးတွေနဲ့ ဂရုတစိုက်ချစ်ကြသလို အနုပညာအလုပ်တွေကိုလည်း အချင်းချင်းဖေးမကူညီကာ လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်နော်..။


Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook

အားလုံးရဲ့ အသည်းကျော်လေး ရွှေရွှေစုံတွဲကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးဖြစ်တဲ့အတိုင်း အခုတစ်ခါမှာလည်း ကိုကိုရွှေထူးတစ်ယောက် ချစ်ဇနီးချောလေးအတွက် ကိုယ်တိုင်ကိုယ်ကျ ဈေးဝယ်ပေးနေပါတယ်နော်..။

ချစ်ဇနီးချောလေးရွှေမှုံဝတ်ဖို့ ဒီဇိုင်နာမျိုးမင်းစိုးရဲ့ဆိုင်ကို နှစ်ယောက်အတူသွားကာ ရွှေမှုံလေးအတွက် ပိုးထည်နဲ့ ချိတ်အဆင်တွေကို ကိုယ်တိုင်ကိုယ်ကျ ရွေးပြီး ဝယ်ပေးခဲ့တာဖြစ်ပြီး ချစ်ဇနီးလေး ရွှေမှုံပျော်နေတာလေးကို ထိုင်ကြည့်ရင်း ကြည်နူးစွာ ကြည့်နေတဲ့ ပုံရိပ်လေးတွေကလည်း မြင်သူပရိသတ်တွေကို အားကျ အချစ်ပိုစေတာမို့ အားလုံးကလည်း သဘောကျနေကြပါတယ်နော်..။


Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook

ဆိုင်ကို လာရောက်အားပေးတဲ့ ရွှေရွှေတို့ ဇနီးမောင်နှံနှစ်ယောက်ရဲ့ ကြည်နူးစရာ အမှတ်တရပုံရိပ်လေးတွေနဲ့ ဈေးဝယ်ရင်း ပျော်နေတဲ့ ပုံရိပ်လေးတွေကိုလည်း ဒီဇိုင်နာမျိုးမင်းစိုးက ချစ်ပရိသတ်တွေကို အခုလို ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ်..။

“မနက်ဖန်ရွှေမှူံဝတ်မဲ့ကြာဝတ်စုံလေးFitting လာချရင်း

ညမိုးချုပ်ကြီးမှရွှေမှူံကိုအချိတ်တွေအများကြီးအများကြီးဝယ်ပေးသွားသောကိုရွှေထူး

ဒီတခါရွှေထူးကြိုက်တာရွေးပေးတာတွေကိုသာယူသွားသောရွှေမှူံ

အရမ်းချစ်ကြတာတွေ့တော့ပျော်မိတယ်

ခုလိုရွှေမှူံအတွက်အများကြီးဝယ်ပေးတဲ့ကိုရွှေထူးကျန်းမာချမ်းသာပါစေ

နောက်လည်းအမြဲလာဝယ်နိုင်ပါစေလို့..” ဆိုပြီး ကြည်နူးစွာနဲ့ ဆုတောင်းစကားလေးဆိုကာ မျှဝေထားတာ ဖြစ်ပါတယ်..။


Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook
Photo Credit - Myo Minn Soe’s Dacebook

Photo Credit - Myo Minn Soe’s Dacebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။