စည်သူမောင်ကတော့ ဗီဒီယိုနဲ့ဇာတ်လမ်းတွဲတွေများစွာ ရိုက်ကူးခဲ့တဲ့ အနပညာရှင်တစ်ယောက်ပဲဖြစ်ပြီး လက်ရှိမှာလည်း Presenter တစ်ဦးအဖြစ် ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ စည်သူမောင်ကတော့ အနပညာလောကထဲရောက်ကာစထဲက ခုထိ 16 နှစ်တိုင်တိုင် တနှစ်မှမပျက်မကွက် ဂါရဝပြုကန်တော့ခဲ့တဲ့ ကျနော့်ဆရာ ဦးအောင်ကိုလတ်ကို သွားရောက်ကန်တော့ခဲ့ပါတယ်။

photo credit : Si Thu Maung 's facebook
photo credit : Si Thu Maung 's facebook

စည်သူမောင်ကတော့ " အနုပညာလောကထဲရောက်တာ 2003ခုဆို 2019ဒီလောကထဲ စရောက်ကာစထဲက ခုထိ 16 နှစ်တိုင်တိုင် တနှစ်မှမပျက်မကွက် ဂါရဝပြုကန်တော့ခဲ့တဲ့ ကျနော့်ဆရာ ဦးအောင်ကိုလတ်ကို ဒီနေ့ မနက်အစောကြီး သွားပြီ ကန်တော့ဖြစ်ခဲ့တယ် ဆရာ ကျန်းမာ ချမ်းသာ လိုရာဆန္ဒများပြည့်ဝပါစေ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

photo credit : Si Thu Maung 's facebook
photo credit : Si Thu Maung 's facebook

သူမကတော့ "သီတင်းကျွတ် လူကြီးမိဘတွေကို ကန်တော့ရတာ...ပြန်ရရှိတဲ့ဆုတောင်းတွေအပြင်.. နောက်ထပ် ကြားသိခွင့်ရတဲ့ သြဝါဒ ဆုံးမစကားနဲ့ တရားဓမ္မဗဟုသုတတွေက တန်ဖိုးရှိလွန်းလှပါတယ် အေးချမ်းစေတယ်အားတက်စေတယ်ဝယ်လို့မရတဲ့ အသိဉာဏ်ပညာတွေ ရစေတယ် အကြောင်းကြောင်းကြောင့် လာရောက် ဂါရဝ မပြုဖြစ်တဲ့ ကျေးဇူးရှိဖူးသူ ဆရာသမား လူကြီးမိဘများလဲရှိပါတယ်.. မမေ့ပါဘူး..ပြုဖူးသမျှ ကုသိုလ်တွေ မေတ္တာပို့ အမျှဝေပေးရင်းနဲ့ပဲ ကာယကံ ဝစီကံ မနောကံနဲ့ ပစ်မှားမိတာရှိရင် ခွင့်လွှတ်ပေးဖို့စိတ်ထဲကနေ လက်အုပ်ချီကန်တော့ပါတယ်ခင်ဗျာ " ဆိုပြီး ရေးသားထားခဲ့ပါတယ်။

SOURCE: Si Thu Maung 's facebook 

photo credit : Si Thu Maung 's facebook
photo credit : Si Thu Maung 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။