ကျင်းပပြီးစီးခဲ့သည့် နိုင်ငံတကာ ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့လက်ရွေးစင် အသင်းအသီးသီး၏ စွမ်းဆောင်မှု၊ အားနည်းချက်၊ အားသာချက်များအား ဆန်းစစ်သုံးသပ်ခြင်းနှင့် လာမည့် ၂၀၁၉ ဆီးဂိမ်းစ်နှင့် ၂၀၂၀ ကမ္ဘာ့ဖလား လက်ကျန်ပွဲစဉ်များ အောင်မြင်မှုရရှိရေး အတွက် လိုအပ်သည်များ ကူညီထောက်ပံ့ပေးနိုင်ရေး အတွက် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် နည်းစနစ် ကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၁၆ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ အဖွဲ့ချုပ်ရုံး အစည်းအ‌ဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

photo credit :MFF 's facebook
photo credit :MFF 's facebook

မြန်မာ့လက်ရွေးစင် အသင်း ယှဉ်ပြိုင်ကစားခဲ့သည့် ဖီဖာကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ပွဲအား နည်းစနစ် ကော်မတီမှ အပြန်အလှန် စိစစ်သုံးသပ်ကာ လာမည့် လက်ကျန်ပွဲစဉ်များ နိုင်ပွဲရရှိရေး အတွက် နည်းပြအခန်း ကဏ္ဏနှင့် ကစားသမားများ စိတ်ဓာတ်မြင့်မားလာစေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရန် ညှိနိုင်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာ ယူ၂၂ အသင်း နှင့် မြန်မာ အမျိုးသမီး အသင်းတို့ ဆီးဂိမ်းစ် အောင်နိုင်ရေး အတွက် ပြင်ဆင်လေ့ကျင့်မှု ကိစ္စရပ်များ၊ မြန်မာ အမျိုးသားနှင့် အမျိုးသမီး ယူ၁၉ အသင်းတို့ အာရှခြေစစ်ပွဲနှင့် အာရှ မျိုးသမီး ယူ၁၉ ချန်ပီယံရှစ် နောက်ဆုံးအဆင့် ပွဲစဉ်များ ယှဉ်ပြိုင်ရေး ကိစ္စရပ်များ၊ လူငယ် ပြိုင်ပွဲများနှင့် နည်းပြ၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ ဝိုင်းဝန်းဆွေးနွေးခဲ့ကြပါတယ်။

photo credit :MFF 's facebook
photo credit :MFF 's facebook

မြန်မာ အမျိုးသမီး ယူ၁၉ အသင်းအနေဖြင့် အာရှခြေစစ်ပွဲ အောင်မြင်ထားပြီး ဖြစ်ရာ ဖိုင်နယ်ပွဲစဉ်များအား တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား စသည့်အသင်းများနှင့် အတူယှဉ်ပြိုင်ကစားရမည် ဖြစ်ပါတယ်။ မြန်မာ အမျိုးသား ယူ၁၉ အသင်းအနေဖြင့်လည်း လာမည့် နိုဝင်ဘာ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့တွင် အာရှယူ၁၉ ခြေစစ်ပွဲများကို တရုတ်၊ တောင်ကိုရီးယား၊ စင်ကာပူ အသင်းတို့နှင့် ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။ နိုဝင်ဘာ လအတွင်းတွင် မြန်မာ့ လက်ရွေးစင် အသင်းအနေဖြင့်လည်း တာဂျကစ္စတန်၊ မွန်ဂိုလီးယား အသင်းတို့နှင့် မန္တလေးမြို့တွင် ဖီဖာကမ္ဘာ့ဖလား နှင့် အာရှဖလား ခြေစစ်ပွဲစဉ်များ ယှဉ်ပြိုင်ရမည် ဖြစ်ပါတယ်။

source:MFF 's facebook 

photo credit :MFF 's facebook
photo credit :MFF 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။