ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာရရှိထားကြပြီး အနုပညာလောကမှာ အောင်မြင်မှုတွေအပြင် ကြည်နူးအားကျစရာ မိသားစုလေးကို ပိုင်ဆိုင်ထားသူလေးကတော့ အကယ်ဒမီသရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ပဲ ဖြစ်ပါတယ်နော်..။

ချစ်သက်လို့ရော သက်မွန်လို့ရော အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မင်းသမီးချော သက်မွန်မြင့်ကတော့ နားလည်မှုတွေနဲ့ ချစ်ခင်ကြင်နာတတ်တဲ့ ခင်ပွန်းအပြင် ချစ်စရာကောင်းလွန်းပြီး လည်လွန်းတက်လွန်းတဲ့ သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး ပောျ်ရွှင်စရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူပါပဲနော်..။


Photo Credit - Ngwezin Hline’s Facebook
Photo Credit - Ngwezin Hline’s Facebook

ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝသိမ်းပိုက်ထားသလို ချစ်သက်လေးရဲ့ သားလေးအားချစ်လေးနဲ့ သမီးငယ်လေး လဝန်းမေတို့ကလည်း ပရိသတ်တွေရဲ့ အသည်းတွေကိုခြွေယူထားကြတဲ့ ပြည်သူ့အသည်းကျော်ရင်သွေးလေးတွေပဲ ဖြစ်ပါတယ်..။

အားချစ်လေးနဲ့ လဝန်းလေးတို့ မောင်နှမနှစ်ယောက်ကတော့ ပရိသတ်တွေကို အမြဲအချစ်ပိုစေသလို အခုတစ်ခါမှာလည်း အိမ်အလည်လာတဲ့ အဆိုတော်ငွေဇင်လှိုင်းကို မပြန်ခိုင်းပဲ တံခါးရှေ့ကနေ ပိတ်ပြီး ကစားကာ ပျော်နေကြပြန်ပါတယ်နော်..။


Photo Credit - Ngwezin Hline’s Facebook
Photo Credit - Ngwezin Hline’s Facebook

အားချစ်နဲ့ လဝန်းလေးတို့ဆီ မကြာခဏ အလည်လာတတ်တဲ့ ငွေဇင်လှိုင်းကတော့ အခုတစ်ခါမှာလည်း ချစ်စရာကောင်းလွန်းတဲ့ မောင်နှမနှစ်ယောက်နဲ့အတူ ကစားရင်း ပျော်နေကြတဲ့ အမှတ်တရပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပြီး ပရိသတ်တွေအားလုံးကလည်း သဘောကျအချစ်ပိုနေကြပါတယ်နော်..။

“ကျမလဲ လွမ်းသလို ကျမဂိုလဲ လွမ်းနေကြတာ.. ပြန်မယ်ဆိုတော့ ညီမလေးလာတဲ့ တံခါးပိတ်ကြမယ်တဲ့ ArrChit Wunn May ရေကယ်ပါအုံးး ......” ဆိုပြီး ချစ်စရာကလေးတွေနဲ့ ကစားရင်း ပျော်ခဲ့ကြတဲ့ အမှတ်တရပုံရိပ်လေးတွေကို ငွေဇင်လှိုင်းက ပရိသတ်တွေကို ပြန်လည်မျှဝေထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - Ngwezin Hline’s Facebook

Photo Credit - Ngwezin Hline’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။