ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ "Wall of Babylon" ဆိုတဲ့ ဘေဘီလုံ တံတိုင်းများအကြောင်းပဲဖြစ်ပါတယ်...။ လူသားတို့သည် ရှေးဦးခေတ်ကာလထဲကစပြီး တံတိုင်းများကို မိမိတို့ပိုင်သည့် နယ်နိမိတ် နယ်မြေများသတ်မှတ်ရန်၊ ရန်သူများမဝင်ရောက်နိုင်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစိတ်ချစွာ နေထိုင်နိုင်ဖို့ကို ရည်ရွယ်ပြီး ကမ္ဘာအနှံ့မှာရှိတဲ့ နိုင်ငံတိုင်းလိုလို တည်ဆောက်ခဲ့ကြပါတယ်..။ တိုးတက်လာသောခေတ်များတွင် နည်းပညာများနှင့် အနုပညာလက်ရာမြောက်စွာ တည်ဆောက်လာခဲ့ကြရာ ယခုအချိန်တွင် ကမ္ဘာ့ နေရာ ဒေသအသီးသီးတွင် တည်ရှိနေသည့် တံတိုင်းများသည် လှပသော လက်ရာ ရှုခင်းများအဖြစ် ရပ်တည်လျက်ရှိနေပါတယ်...။

Photo credit pngtree

လက်ရှိ လူသားများ၏ ယဉ်ကျေးမှု စတင်ထွန်းကားခဲ့ရာ ဒေသ ဖြစ်သည့် ရှေးဟောင်း မြို့ပြနိုင်ငံ မက်ဆိုပိုတေး မီးယား တွင်ရှိသည့် ဘေဘီလုံ တံတိုင်းများ သည် ကမ္ဘာ့ အံ့ဖွယ် အဖြစ် စီဒုံမှ ကဗျာဆရာအန်တီပါတာက ကဗျာ စပ်ဆို ဖော်ပြခဲ့ပါတယ်...။ ဘေဘီလုံ တံတိုင်းများ ၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် အစ်ရှ်တာ ဂိတ်(Iahtar Gate) ကို ဘီစီ ၅၇၅ ခုတွင် ဆောက်လုပ်ခဲ့ပြီး ယခုအခါ ကမ္ဘာ့ အံ့ဖွယ် ခုနစ်သွယ် စာရင်းတွင်ပါဝင်လျက်ရှိပါတယ်...။ ဘေဘီလုံ တံတိုင်းများ နှင့် အစ်ရှ်တာ ဂိတ်တို့ကို အပြာရောင် စဉ့်သုတ်ကျောက်ပြားများဖြင့် တည်ဆောက်ထားပြီး နဂါးနှင့် ပြောင်တို့ကို တစ်လှည့်စီ အတန်းလိုက် ထုလုပ်ထားတာဖြစ်ပါတယ်...။

Photo credit pngtree

၁၉၈၃ ခုနှစ် တွင် အီရတ် သမ္မတ ဆက်ဒန်ဟူစိန်က ဘေဘီလုံ တံတိုင်းများ နှင့် အစ်ရှ်တာဂိတ် နှစ်ခုလုံးကို ထိန်းသိမ်းစောင့် ရှောက်မှုများပြုလုပ်စေခဲ့သည့်အပြင် တံတိုင်းဟောင်းများ၏ အပေါ်ထိပ်ပိုင်း တွင် ပုံစံတူ အသစ်များကို ထပ်မံဆောက်လုပ်ခဲ့ပါတယ်...။ အီရတ်နိုင်ငံသို့ သွားရောက်ကြည့်ရှုရန် ခက်ခဲမှုများကြောင့် ဂျာမနီနိုင်ငံ ၊ ဘာလင်မြို့ရှိ ပါဂမန် ပြတိုက် (Pergamon Museum) တွင် ဘေဘီလုံ ရှေးဟောင်းမြို့ကို တူးဖော်စဉ်က ရရှိခဲ့သော ပစ္စည်းများဖြင့် တစ်စိတ်တစ်ပိုင်း ပြန်လည် တည်ဆောက်ထား သည့် ဘေဘီလုံ တံတိုင်းများ နှင့် အစ်ရှ်တာ ဂိတ်တို့ကို ပြသထားပါတယ်....။

Source မောင်သာ ရှေးဟောင်းသုတေသန

Photo credit pngtree

Photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။