ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးချောလေးတစ်ယောက်ဖြစ်တဲ့ ပိုင်ဖြိုးသုကတော့ အရမ်းအလိုလိုက်ပေးတတ်ပြီးချစ်တတ်တဲ့ ခင်ပွန်းကောင်းကိုပိုင်ဆိုင်ထားလို့ အမြဲစိတ်ချမ်းသာပျော်ရွှင်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။ဒါရိုက်တာဏကြီးကလည်း သုသုလေးရဲ့ချွဲနွဲ့တာလေးတွေကိုပဲချစ်နေရတာဖြစ်လို့ ဏကြီးနဲ့သုသုတို့ရဲ့ချစ်ခရီးလမ်းလေးက အရမ်းသာယာဖြောင့်ဖြူးနေတာဖြစ်ပါတယ်။

Photo Credit:RBV
Photo Credit:RBV
Photo Credit:RBV

ပိုင်ဖြိုးသုကလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်နဲ့လုပ်ဆောင်နေကာ ရှုတင်တွေကိုအမြဲသွားနေရတာဖြစ်ပြီး ပွဲအခမ်းအနားတွေကိုလည်းတက်ရောက်နေတာဖြစ်ပါတယ်။ဒါရိုက်တာဏကြီးကတော့ ချစ်ဇနီးလေးရဲ့အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ကူညီဖေးမကာအကြံဉာဏ်တွေပေးနေတာဖြစ်ပါတယ်နော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

အခုဆိုရင်တော့ သုသုလေးကရှုတင်ကိစ္စအတွက် ခရီးတွေသွားနေရတာဖြစ်ပြီး "တော်လတီရွာနားလေးမှာ ရိုက်နေတဲ့ရိုက်ကွင်းကို နေပူကြီးထဲမသုကို လက်ဆောင်လာပေးတာတဲ့ လက်ကလေးတွေတုန်နေရှာတဲ့ညီမလေး ချစ်လိုက်တာ"ဆိုပြီး ရေးသားထားကာ နေပူကြီးထဲမှာ လာအားပေးကြတဲ့ ပရိသတ်တွေကိုလည်း ကားမှန်ဖွင့်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့တဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook
Photo Credit:Paing Phyo Thu's Facebook

Photo Credit:Paing Phyo Thu's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။