ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် သရုပ်ဆောင်မင်းသမီးချော သက်မွန်မြင့်ကတော့ အောင်မြင်တဲ့ ဒိတ်ဒိတ်ကြဲ အနုပညာရှင်တစ်ဦးဖြစ်ပြီး ချစ်စရာ မိသားစုလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူလေးပါ..။

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေပြီး မိသားစုအပေါ်မှာလည်း အချိန်ပေးဖြစ်နိုင်အောင် ကြိုးစားနေတဲ့ ချစ်သက်လေးကတော့ ပရိသတ်တွေအပေါ်မှရော မိသားစုအပေါ်မှာရော တာဝန်ကျေပွန်ချင်သူလေးဆိုလည်း မမှားပါဘူးနော်..။


Photo By Myanmarload
Photo Credit - Amazing Grace Photography
Photo Credit - Amazing Grace Photography

ပရိသတ်တွေရဲ့ အချစ်တော်လေး သက်မွန်ကတော့ အနုပညာအလုပ်တွေနဲ့ မိသားစုနဲ့ ကလေးတွေအပေါ်မှာ အချိန်ပေးဖြစ်တဲ့ သူမရဲ့အကြောင်းလေးကိုလည်း ချစ်ပရိသတ်တွေကို ပြောပြထားပါသေးတယ်နော်..။

တစ်လတစ်ကား ရုပ်ရှင်ရိုက်ဖို့ ပျက်သွားပေမယ့် သားလေးနဲ့ သမီးလေးအပေါ် အချိန်ပိုပေးဖြစ်နိုင်လို့ တစ်ဖက်မှာလည်း ကောင်းသွားပြီး ကျောင်းပိတ်ရက်လေးတွေမှာ ကားရိုက်လေးတွေ လျော့ပြီး ကလေးတွေနဲ့အတူ နေပေးလိုက်နိုင်တာက မိခင်တစ်ယောက်အနေနဲ့ သူတို့လေးတွေအတွက် တာဝန်ကျေရာလည်း ရောက်တာမို့ တစ်မျိုးကောင်းသွားတဲ့အကြောင်းလေးတွေကို ပြောပြထားတာ ဖြစ်ပါတယ်..။


Photo Credit - Thet Mon Myint's Facebook
Photo Credit - Amazing Grace Photography

သားလေးနဲ့သမီးလေး ကျောင်းတတ်တဲ့အခါမှာတော့ အလုပ်လေးတွေ ပြန်လုပ်လာနိုင်တယ်ဆိုပြီး ကားရိုက်ပြန်လာရင်လည်း ကလေးတွေနဲ့ အချိန်ပေးနိုင်ဖို့ ကြိုးစားတယ် တစ်ခါတစ်လေ ဇာတ်ကားအတွက် ပြင်ဆင်စရာလေးတွေရှိတဲ့အခါတွေမှာတော့ ကလေးတွေအတွက် တော်တော်လေးကို လစ်ဟာမှုတွေရှိသွားတဲ့အတွက် စိတ်မကောင်းတော့ ဖြစ်မိတယ် ဆိုပြီးတော့တော့ ပြောပြထားသလို BFF သူငယ်ချင်းတွေနဲ့ ပတ်သက်ပြီးတော့လည်း ချစ်သက်လေး ပြောပြထားတာ တွေ့ရပါတယ်..။

ဒီကနေ့လေးမှာတော့ ချစ်ရတဲ့ အသည်းကျော်လေး သက်မွန်ရဲ့ အနုပညာလှုပ်ရှားမှု အကြောင်းလေးတွေနဲ့ မိသးစုအပေါ် အောကာင်းလေးတွေအပြင် BFF သူငယ်ချင်းတွေအကြောင်းလေးတွေကို ပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်နော်..။

Photo By Myanmarload
Photo By Myanmarload

Photo By Myanmarload ၊ Amazing Grace Photography

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။