ဇာဏ်ခီကတော့ အောင်မြင်နေတဲ့ အနပညာရှင်တစ်ယောက်ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကိုလဲ အခိုင်အမာရရှိထားပါတယ်။ ပရိသတ်တွေ စိတ်ကျေနပ်စေပြီး ကြည့်ရကျိုးနပ်မယ့် ဇာတ်ကားကောင်းတွေမှာ ပီပြင်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာဏ်ခီကတော့ ပရိသတ်အချစ်တော် အနပညာရှင်တစ်ယောက်ဆိုလဲ မမှားပါဘူး။

photo credit : Zenn Kyi 's facebook
photo credit : Zenn Kyi 's facebook

ဇာဏ်ခီကတော့ ဇနီးသည်ဖြစ်တဲ့ ခရစ်စတီးနားခီနဲ့အတူ ပျော်ရွှင်အေးချမ်းတဲ့ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ လိုက်ဖက်ညီလွန်းတာကြောင့် ပရိသတ်အားကျရတဲ့ အနပညာရှင်စုံတွဲလေးပဲ ဖြစ်ပါတယ်။ ယနေ့ကတော့ ခရစ်စတီးနားခီရဲ့ မွေးနေ့လေးပဲ ဖြစ်ပြီး ခင်ပွန်းဖြစ်သူဇာဏ်ခီက မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားပါတယ်။

photo credit : Zenn Kyi 's facebook
photo credit : Zenn Kyi 's facebook

ဇာဏ်ခီကတော့ " ငါ့အတွက်တော့ ဘဝဟာ ရှည်လျားပါတယ်။ဒါပေမယ့် မင်းနဲ့အတူဆို ဘဝဟာ တိုတောင်းတယ်လို့ခံစားရတယ်။ဂျပုလေးရေ မင်းကငါအတွက်ပဲပါ။အမြဲတမ်းနဲ့ ထာဝရ ရှိနေမှာပါ။ရူးလောက်အောင်ချစ်ရပါတယ်။ပျော်စရာမွေးနေ့ဖြစ်ပါစေ "ဆိုပြီး ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးနဲ့အတူ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။

source: Zenn Kyi 's facebook 

photo credit : Zenn Kyi 's facebook
photo credit : Zenn Kyi 's facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။