မင်းသမီးချောလေး သဉ္ဇာနွယ်ဝင်းကတော့ ဖြူဖွေးဝင်းမွတ်တဲ့ အသားအရေနဲ့ အပြစ်ကင်းစင်တဲ့ မျက်နှာလှလှလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။ စကားသံဝဲဝဲလေးနဲ့ ပြောဆိုတတ်တဲ့ သဉ္ဇာနွယ်ဝင်းကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေနဲ့ အားပေးလာခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ သဉ္ဇာနွယ်ဝင်းက အိမ်ထောင်ကျပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်နဲ့အတူ ပျော်ရွှင်စရာမိသားစုဘဝလေးကို ရရှိထားပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

သဉ္ဇာနွယ်ဝင်းရဲ့သားလေးကတော့ အသက်နှစ်နှစ်ကျော်အရွယ်ရှိနေပြီး အရမ်းကိုစကားတတ်တဲ့ ကလေးလေးလည်း ဖြစ်ပါတယ်။ မက်မွန်သီးလေးလို ချစ်ဖို့ကောင်းလွန်းတဲ့ Peach လေးကိုတော့ ပရိသတ်တွေက ချစ်မဝဖြစ်နေရတာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ သဉ္ဇာနွယ်ဝင်းက ကျောပိုးအိတ်လေးလွယ်ပြီး မေမေ့ကိုအချစ်ပိုအောင်လုပ်ပြလိုက်တဲ့ Peach လေးရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို တင်ပေးထားပါတယ်။

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

Peach လေးက မေမေဆင်ပေးထားတဲ့ ကျောပိုးအိတ်လေးကို ကျောမှာလွယ်ပြီး အရမ်းကို သဘောကျနေတဲ့ပုံလေးပါပဲနော်။ မေမေသဉ္ဇာနွယ်ဝင်းကလည်း ချစ်စရာကောင်းလွန်းတဲ့ သားလေးကိုကြည့်ပြီး ချစ်ပြီးရင်းချစ်နေရတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ကျောပိုးအိတ်လေးလွယ်ပြီး စတိုင်အပြည့်နဲ့ အသည်းယားစရာကောင်းနေတဲ့ Peach လေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်နော်။

Photo & Video Credit-Thinzar Nwewin's FB 

Photo Credit-Thinzar Nwewin's FB
Photo Credit-Thinzar Nwewin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။