နည်းပြချုပ် ဦးစိုးမြတ်မင်း တာဝန်ယူကိုင်တွယ်နေတဲ့ မြန်မာ့လက်ရွေးစင် အမျိုးသား ယူ၁၉ အသင်းဟာ လာမယ့် နိုဝင်ဘာ ၆ ရက်နေ့ကစလို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းမှာ အာရှ ယူ၁၉ ခြေစစ်ပွဲတွေကို စတင်ယှဉ်ပြိုင်ရတော့မှာပဲ ဖြစ်ပါတယ်။ဒီပြိုင်ပွဲမှာတော့တရုတ်၊တောင်ကိုရီးယားနဲ့စင်ကာပူယူ၁၉အသင်းတွေပါဝင်ယှဉ်ပြိုင်ကစားမှာဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF

မြန်မာယူ၁၉ အသင်းဟာ ဒီပြိုင်ပွဲမတိုင်ခင်မှာလည်း ခြေစမ်းပွဲတွေနိုင်ငံတစ်ကာပြိုင်ပွဲတွေဝင်ရောက်ယှဉ်ပြိုင်ထားတာဖြစ်ပြီးပရိသတ်တွေကျေနပ်စေလောက်တဲ့ ခြေစွမ်းတွေပြသထားတာဖြစ်ပါတယ်။အာရှယူ၁၉ပြိုင်ပွဲမှာပါဝင်တဲ့အသင်းတွေကလည်း အာရှထိပ်သီးတွေပါဝင်တာကြောင့် ပရိသတ်တွေအတွက်ရင်ခုန်စရာပွဲတွေကြည့်ရှုရတော့မှာဖြစ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF

ပွဲစဉ်တွေအတွက် ကွင်းဝင်ကြေးတွေကိုတော့ ရိုးရိုးတန်း ၁၀၀၀ ကျပ်နဲ့ အထူးတန်း ၂၀၀၀ ကျပ်သာ သက်မှတ်ထားပါတယ်။ ကွင်းထဲလာရောက် အားပေးနိုင်ခြင်းမရှိတဲ့ ပရိသတ်တွေ အတွက်လည်း My Sports Facebook Page နဲ့ မြန်မာ့ရုပ်မြင်သံကြား MRTV တို့ကနေ ပြသပေးသွားဖို့ ကြိုးပမ်းဆောင်ရွက်နေပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

Photo Credit:MFF
Photo Credit:MFF

Source:MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။