ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ နှစ်ထပ်ကွမ်းအကယ်ဒမီဆုရှင် ဝတ်မှုံရွှေရည်ဟာဆိုရင် မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးစာရင်းဝင်တဲ့သူတစ်ယောက်ဖြစ်ပါတယ်နော်။သူမကိုချစ်ခင်အားပေးကြတဲ့ ပရိသတ်တွေကိုလည်းအများအပြားပိုင်ဆိုင်ထားပြီး ပြည်တွင်းမှာသာမက ပြည်ပမှာပါနာမည်ကြီးရေပန်းစားအောင်မြင်နေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။

Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page

ဝတ်မှုံရွှေရည်ကို ပရိသတ်တွေက ရွှေကစ်လို့ ချစ်စနိုးခေါ်ဝေါ်ကြပြီး သူမရဲ့အနုပညာလှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး အားပေးဝန်းရံနေကြတာဖြစ်ပါတယ်။ရွှေကစ်က လက်တလောမှာလည်း အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး ခရီးတွေအမြဲထွက်နေရကာ ဖိတ်ကြားတဲ့ပွဲအခမ်းအနားတွေကို တက်ရောက်ပေးနေရတာဖြစ်ပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page

အခုဆိုရင်တော့ ရွှေကစ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပတဲ့ Kanebo Cosmetic ပွဲကို တက်ရောက်ကာ" Kanebo ရဲ့ The Exceptional Makeup base product launch မှာ potrait လေးတစ်ဖြတ်ရိုက်ခဲ့ပါတယ်ရှင့်"ဆိုပြီး သူမရဲ့နုပျိုလင်းလက်နေတဲ့ အလှတရားတွေပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် လူမှုကွန်ယက်စာမျက်နှာမှာ မျှဝေပေးခဲ့ပါတယ်နော်။

Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page
Photo Credit:Wutt Hmone Shwe Yi's Page

Photo Credit:Wutt Hmone Shwe Yi's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။