photo credit - Liquipedia

CIS region ရဲ့ dota 2 team တစ်ခုဖြစ်တဲ့ Winstrike Team ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာ disband ဖြစ်တော့မလို အနေအထားရှိရောက်ရှိခဲ့ပါတယ်။

အသင်းကနေ ထွက်သွားတဲ့ iceberg နဲ့ Nogarata တို့ရဲ့နေရာမှာ အစားထိုးဖို့လူရှာမရခဲ့သလို ကျန်ခဲ့ players တွေဖြစ်တဲ့ Lil , Common , Nofear , Silent တို့ကလည်း အသင်းကနေထွက်ခွာသွားခဲ့ပါတယ်။

ဒါ့ကြောင့် Winstrike Dota 2 team မှာ players တွေတစ်ယောက်မှမရှိတော့တာကြောင့် အသင်းပါ ဖျက်သိမ်းသွားတော့မယ်လို့ အားလုံးကထင်မှတ်ခဲ့ကြပါတယ်။

ဒါပေမယ့် Winstrike Dota 2 ဟာ လုံးဝဖျက်သိမ်းသွားမှာမဟုတ်ဘဲ အရင်က Vp အသင်းမှာ coach လုပ်ခဲ့တဲ့ Arszeqq ကိုခေါ်ယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် သိပ်မကြာခင်အချိန်တစ်ခုအတွင်းမှာ Dota 2 roster အသစ်ကို ဖွဲ့စည်းသွားပြီး Dota 2 Pro Scene ပေါ်ကို ပြန်ရောက်လာမှာဖြစ်တယ်လို့ သိရပါတယ်။

Source - Winstrike Team

AaAaA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။