တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရို်င် ၊ လောင်းလုံးမြို ့နယ်၊ စမ်းလှမ်းကျေးရွာအုပ်စု၊ ကျုံးဂဏန်းကျေးရွာ ပင်လယ်က မ်းခြေသဲသောင်ပြင်၌ မေ ၈ ရက်နေ ့ ည ၁၈း၃၀ နာရီအချိန်တွင် ရေကြည်ငါးခြောက်လုပ်ငန်းလုပ်ကိုင်နေ သည့်အလုပ် သမား အမိ်ျုးသမီး တစ်ဦး မိုးကြိုးထိမှန်၍ သေဆုံးသွားကြောင်းသိရှိရသည်။

ဖြစ်စဉ်တွင်ည ၁၈း၃၀ နာရီအချိန် ခန် ့ကျုံးဂဏန်းကျေးရွာပင်လယ်ကမ်းခြေသဲသောင်ပြင်၌ ရေကြည်ငါးခြောက် လုပ်ငန်း လုပ်ကိုင်နေ သည့်အလုပ်သမားများသည် မိုးသည်းထန်စွာရွာသွန်းသဖြင့် နေလှန်းထားသော ငါးခြောက်များအား ရုပ်သိမ်း ခဲ့သည်။

၄င်းတို ့နေထို်င်ရာ ယာယီတဲသို ့ ဝင်ရောက်နားခိုနေစဉ် အလုပ်သမား အမိ်ျုးသမီး တစ်ဦး မိုးကြိုးထိမှန်၍ ယာနားထင် ၊လည်ပင်းနှင့်ပခုံးတို ့တွင် ညိုမဲပြာနှမ်းဒဏ်ရာဖြင့်သေဆုံးပြီး မိုးကြိုးစက်ကွင်းမိသည့် အလုပ်သမား(၄) ဦး သည်ခြေထော က်ထုံကျင်ဒဏ်ရာ( မစိုးရိမ်ရ )အသီးသီးရရှိ၍လောင်းလုံးမြို ့၊ပြည်သူ ့ဆေးရုံကြီးသို ့ပိုဆောင်ကာ အတွင်း လူနာ အဖြစ်ဆေးကုသ ခံယူလျက်ရှိကြောင်းသိရှိရသည်။

အဆိုပါ အမျိုးသမီးသေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် သိရှိနို်င်ရန် လောင်းလုံး မြို ့မရဲစခန်း ၊ သေမှုသေခင်းအမှတ်စဉ်( ၅/၂၀၁၇ )ဖြင့်အမှုဖွင့်လှစ်၍ အမှုအား စခန်းမှူး ဒုရဲမှူး ဝင်းလွင်မှ စစ်ဆေး ေ ဆာင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

သတင်းအရင်းမြစ် ထားဝယ္ခ႐ိုင္

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။