မင်းသမီးချောလေး စိုးပြည့်သဇင်ကတော့ စိုးမြတ်သူဇာ၊ စိုးမြတ်နန္ဒာ၊ စန္ဒီမြင့်လွင်ဆိုတဲ့စိုးညီအစ်မတွေထဲမှာ အငယ်ဆုံးလေး ဖြစ်ပါတယ်။ အကယ်ဒမီရွှေစင်ရုပ်တုကိုလည်း ပိုင်ဆိုင်ထားတဲ့ စိုးပြည့်လေးက သရုပ်ဆောင်ပိုင်းမှာတော့ အပိုအလိုမရှိအောင် အကောင်းဆုံးသရုပ်ဆောင်ပြနိုင်တာ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း စိုးပြည့်ရဲ့ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေကြောင့် ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

လတ်တလောမှာတော့ စိုးပြည့်သဇင်က "သုံးပန်လှ ကျိန်စာ" ဆိုတဲ့ ဇာတ်ကားလေးကိုရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ စိုးပြည့်လေးက ကိုလိုနီခေတ်က ကေသီဆိုတဲ့ ကောင်မလေးတစ်ယောက်အဖြစ် ကြိုးစားပမ်းစား သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရိုက်ကွင်းပုံရိပ်လေးတွေကို အမြဲမျှဝေလေ့ရှိတဲ့ စိုးပြည့်က အခုလည်း "သုံးပန်လှ ကျိန်စာရိုက်ကွင်း" ဆိုပြီး ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

မျက်နှာလေးက အမြဲတမ်းပြုံးပျော်ရွှင်နေတဲ့ စိုးပြည့်လေးတစ်ယောက် အခုလည်း ကလေးဆန်ဆန်အမူအရာလေးတွေနဲ့ ချစ်ဖို့ကောင်းနေတာ ဖြစ်ပါတယ်။ ဒီရိုက်ကွင်းပုံရိပ်လေးတွေမှာလည်း စိုးပြည့်လေးက မတူညီတဲ့ပုံစံတစ်မျိုးစီနဲ့ ပရိသတ်အချစ်တွေကို အရယူထားတာ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် သုံးပန်လှ ကျိန်စာရိုက်ကွင်းက မင်းသမီးချောလေး စိုးပြည့်သဇင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo Credit-Soe Pyae Thazin's FB

Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB
Photo Credit-Soe Pyae Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။