ပရိသတ်တွေရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားကြတဲ့ ပြည်သူ့အချစ်တော်တွေထဲမှာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ မင်းသားချောလေးထူးအောင်နဲ့ မင်းသမီးချောစမိုင်းလ်တို့ကလည်း အပါအဝင်ပါပဲ..။

အနုပညာလောကမှာ ပရိသတ်တွေကိုယ်စီနဲ့ အောင်မြင်နေကြတဲ့ သူတို့နှစ်ယောက်ကတော့ ယောင်္ကျားလေးပရိသတ်တွေအပြင် မိန်းကလေးပရိသတ်တွေရဲ့အချစ်တွေကိုပါ သိမ်းပိုက်ထားကြသူတွေပဲ ဖြစ်ပါတယ်နော်..။


Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ဆောင်နေကြတဲ့ ပရိသတ်အချစ်တော်နှစ်ယောက်ကတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ဆောင်နေကြပြီး ထူးအောင်ကလည်း သူငယ်ချင်းတွေနဲ့အတူ Star Fitness Club ဆိုတဲ့ Gym ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားပါတယ်နော်..။

ဒီကနေ့လေးမှာတော့ စမိုင်းလ်တို့ ဇနီးမောင်လေးကတော့ ထူးအောင်ရဲ့ Star Fitness Club Gym မှာ သွားကစားရင်း ထူးအောင်ကိုယ်တိုင် စနစ်တကျ လေ့ကျင့်သင်ကြားပေးနေတာ ပရိသတ်တွေမြင်တွေ့ရမှာ ဖြစ်ပါတယ်နော်..။


Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

သူမတို့ ဇနီးမောင်နှံနှစ်ယောက်ကို ထူးအောင်ကိုယ်တိုင်လေ့ကျင့်သင်ကြားပေးနေတဲ့ အမှတ်တရပုံရိပ်လေေးတွကိုလည်း စမိုင်းလ် သူမရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေလည်း အားလုံးကို မျှဝေထားတာပါ..။

“..” ဆိုပြီး ထူးအောင်ရဲ့ဆိုင်လေးမှာ ခင်ပွန်းနဲ့အတူ Gym ကစားခဲ့ကြတဲ့ အမှတ်တရလေးတွေကို ချစ်ပရိသတ်တွေကို ပြန်လည်မျှဝေပေးထားတာပဲ ဖြစ်ပါတယ်နော်..။

Photo Credit - စမိုင်းလ် Smile’s Facebook
Photo Credit - စမိုင်းလ် Smile’s Facebook

Photo Credit - စမိုင်းလ် Smile’s Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။