သရုပ်ဆောင်ဘက်တွင်သာမက အဆိုဘက်တွင်ပါထူးချွန်သူကတော့ မင်းသမီးချောလေး နန်းမြတ်ဖြိုးသင်းပါ။ သူမဟာ ဆရာဝန်တစ်ယောက်ဖြစ်သော်ငြားလည်း ဝါသနာပါတဲ့အနုပညာအလုပ်ကိုဇောက်ချလုပ်ခဲ့သူတစ်ယောက်ပါ။ လက်ရှိမှာတော့ သာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာပါ။
နန်းမြတ်ဟာ ချစ်ခင်ပွန်းရဲ့ ဂရုတစိုက်ပြုစုစောင့်ရှောက်မှုတွေကြောင့် ကြည်နူးပျော်ရွှင်နေရတာပါ။ ဒီနေ့လေးဟာလည်း နန်းမြတ်ရဲ့ချစ်ခင်ပွန်းဖြစ်တဲ့ ကိုတာတာမျိုးရဲ့မွေးနေ့ရက်မြတ်လေးပါ။ နန်းမြတ်ကတော့ ချစ်ခင်ပွန်းရဲ့မွေးနေ့ရက်မြတ်လေးကို အခုလိုပဲဆုတောင်းပေးခဲ့တာပါ။
" Happy Birthday ပါချစ်ရဆုံးယောကျ်ားရေ
စနေသားနဲ့မတူအောင်ကိုစိတ်ထားနူးညံ့တဲ့ယောကျ်ား
သူများကိုကူညီရရင် ပေးရရင်ပျော်နေတတ်တဲ့စိတ်ထားကောင်းတဲ့ယောကျ်ား
မိန်းမနဲ့သားကိုလဲအရမ်းချစ် သားအတွက်လဲအကောင်းဆုံးတွေပဲပေးချင်လို့stressတွေပါဖြစ်နေတဲ့ချစ်ယောကျ်ားရေ
မွေးနေ့မှာတော့အရာအားလုံးမေ့ပီးပျော်ရွှင်စွာနေပါနော်
၃၄နှစ်ပြည့်ကနေနောက်နှစ်ပေါင်းများစွာမြေးလေးတွေရတဲ့အထိနှစ်ယောက်အတူပျော်ရွှင်အေးချမ်းတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေလို့မိန်းမဆုတောင်းပါတယ်နော် " ဆိုပြီး သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားတာပဲဖြစ်ပြီး ပရိသတ်တွေအတွက် တစ်ဆင့်ပြန်လည်ကူးယူတင်ဆက်ပေးလိုက်ပါတယ်။
Photo Credit- Nann Myat Phyo Thinn’s Facebook and Alinn Yaung Photography
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။