ပြည်သူချစ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီးချောလေးမိုးယုစံဟာဆိုရင် ဗီဒီယိုဇာတ်ကားတွေကျယ်ပြန့်ကတည်းက ဇာတ်ကားတွေနဲ့ကြော်ငြာတွေအများအပြားမှာ မြင်တွေ့‌ခဲ့ရပြီး ပရိသတ်တွေရဲ့ အသည်းစွဲမင်းသမီးတစ်လက်ဖြစ်ခဲ့ပါတယ်နော်။မိုးယုရဲ့ ပြီးပြည့်စုံတဲ့အလှအပတွေကလည်း မြင်သူတကာငေးမောရလောက်အောင် လှပလွန်းသူလေးဖြစ်ပါတယ်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

မိုးယုက အိမ်ထောင်ကျသွားပြီး သားလေးတစ်ယောက်မွေးဖွားပြီးချိန်မှာတော့ အနုပညာအလုပ်တွေနဲ့အလှမ်းဝေးကွာနေပေမယ့်လည်း ပရိသတ်တွေကတော့ ချစ်မြဲအားပေးနေဆဲဖြစ်ပါတယ်။မိုးယုကလည်း သားတစ်ယောက်မိခင်လို့ထင်ရက်စရာမရှိလောက်အောင် ပျိုမျစ်နုနယ်လှပနေပြီး အမြဲတမ်းလှသွေးကြွယ်နေတာပါနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

အခုဆိုရင်တော့ မိုးယုတို့ဇနီးမောင်နှံက မင်္ဂလာနှစ်ပတ်လည်း သုံးနှစ်ပြည့်သွားပြီဖြစ်ပါတယ်။မိုးယုတို့ဇနီးမောင်နှံကတော့ သားရေရတုအထိ ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ အေးအတူပူအမျှလက်တွဲနေကြတာဖြစ်ပါတယ်နော်။မိုးယုတို့မိသားစုကတော့ အမှတ်တရနေ့လေးအတွက် အပြင်မှာ ညစာထွက်စားကြတဲ့ပုံရိပ်လေးကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Moe Yu San's Facebook
Photo Credit:Moe Yu San's Facebook

Photo Credit:Moe Yu San's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။