နေတိုး မင်းမော်ကွန်း ကျော်ကျော်ဗိုလ် ရဲလေး ထွန်းထွန်း မိုးယုစံ ဖူးစုံ မေကဗျာ မိုးပြည့်ပြည့်မောင်တို့ နှင်းဆီအဖွဲ့သားတွေဟာဆိုရင် ပရိသတ်တွေကြားမှာ အောင်မြင်နေကြတဲ့ ဝါရင့်အနုပညာရှင်တွေဖြစ်ပါတယ်နော်။နေတိုးတို့နှင်းဆီအဖွဲ့သားတွေက နှင်းဆီအငြိမ့်တွေကို ကပြဖျော်ဖြေပြီး ရရှိလာတဲ့ရန်ပုံငွေတွေကို လိုအပ်တဲ့နေရာတွေအတွက်အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။

Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page

မကြာသေးခင်ကမှ "နှင်းဆီလှေ"အငြိမ့်ကို ရန်ကုန် မန္တလေး နှစ်နေရာမှာ ကပြဖျော်ဖြေခဲ့ပြီး ပရိသတ်တွေကလည်း နှင်းဆီလှေအငြိမ့်ကို အရမ်းကြိုက်နှစ်သက်ခဲ့ကြပါတယ်။နေတိုးတို့အဖွဲ့သားတွေကလည်း ပရိသတ်တွေအတွပ် စေတနာထားပြီး စိတ်ရောကိုယ်ပါနှစ်ပြီး ကပြဖျော်ဖြေခဲ့တာကြောင့် အရမ်းအောင်မြင်ခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ နေတိုးတို့အဖွဲ့သားတွေက ရရှိလာတဲ့ရန်ပုံငွေတွေကို အောက်ပါအတိုင်းလှူဒါန်းခဲ့ပါတယ်နော်။

Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page

"(နှင်းဆီရင်ခွင်)လူမှုကူညီရေးဖောင်ဒေးရှင်းမှသဘာဝဘေးဒဏ်ခံစားရသောဒေသများ ပြန်လည်ထူထောင်ရေးအတွက်အလှူငွေသိန်း(၅၀၀)နဲ့စားသောက်ကုန်(၁၅)မျိုးအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသို့လှုဒါန်းလိုက်ပါပြီခင်ဗျာ ပရိသတ်များအားလုံး အမျှရ၍ သာဓုခေါ်နိုင်ကြပါစေ....နှင်းဆီအဖွဲ့ရဲ့ကိုယ်စားကျေးဇူးတင်ခြင်းများစွာဖြင့်....နေတိုး"ဆိုပြီး နှင်းဆီအဖွဲ့ရဲ့ လှူဒါန်းမှု ပုံရိပ်တွေကို ချစ်ပရိသတ်ကြီးအတွက် မျှဝေ‌လာပါတယ်နော်။

Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page
Photo Credit:Nay Toe's Page

Photo Credit:Nay Toe's Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။