ပါးချိုင့်လေးနှစ်ဖက်နဲ့ ချစ်စရာကောင်းတဲ့ အပြုံးလှလှလေးတွေရဲ့ပိုင်ရှင်ကတော့ မင်းသမီးချောလေး အေးမြတ်သူပဲ ဖြစ်ပါတယ်။ ဘဝကို ဟန်ဆောင်မှုကင်းကင်းနဲ့ လွတ်လွတ်ပေါ့ပါးစွာ ဖြတ်သန်းနေတဲ့ မမြတ်လေးက အများအပေါ်မှာ စိတ်ကောင်းထားတတ်သူလည်း ဖြစ်ပါတယ်။ ဒါ့အပြင် မမြတ်လေးက ကျေးဇူးရှင်မိဘနှစ်ပါးကိုသာမက ဆွေမျိုးမိတ်ဆွေအားလုံးကိုလည်း ချစ်ခင်လေးစားတဲ့ ခင်မျိုးချစ်လေးလို့ သူ့ကိုယ်သူပြောပြထားပါတယ်။

Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB

အခုလည်း မမြတ်လေးက အချင်းချင်းအပြန်အလှန်ကန်တော့ရင်း ပျော်ရွှင်နေကြတဲ့ သူမတို့မိသားစုလေးရဲ့ ပုံရိပ်လေးတွေကို မျှဝေထားပါတယ်။ မမြတ်လေးက ''အဖေနဲ့အမေ ကို အရမ်းချစ်တဲ့ကျမအတွက် မိသားစုကိုချစ်ရုံမက ခင်မျိုးချစ်ဆိုတဲ့ အမည်ပါရှိတယ် အဖေကို ချစ်လို့ အဖေချစ်တဲ့သူတွေကိုချစ်တယ်...အမေကို ချစ်လို့ အမေချစ်တဲ့သူတွေကို ချစ်တယ်...အဖေက မိသားစုထဲမှာအကြီးဆုံးသား.အမေက မိသားစုထဲမှာအငယ်ဆုံးသမီး ဘဝကို ခက်ခက်ခဲခဲဖြတ်သန်းလာရင်း မောင်နှတွေရဲ့ အကူအညီစောင့်ရှောက်မှုတွေကိုလည်း ယူခဲ့ရတဲ့အချိန်တွေရှိတယ် ..

Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB

အဲ့တာတွေကို သိမြင်ခဲ့တဲ့ကျမ ဘကြီးတွေကြီးတော်တွေဦးလေးတွေအဒေါ်တွေကိုစတဲ့ အမျိုးတွေ အကုန်လုံးကို ချစ်ခင်ရမယ်စောင့်ရှောက်ရမယ်ဆိုတာ ငယ်ငယ်ကတည်းက နားလည်ခဲ့တယ် ကျမကိုယ့်အဖေနဲ့အမေကို အရမ်းချစ်တာ ကျမမိဘတေက သူတို့မိဘတွေကို အရမ်းချစ်တာသိမြင်နားလည်ခဲ့လို့ ကျမ ကိုယ့်အကိုကြီးကို အရမ်းချစ်တာ အဖေနဲ့အမေက သူတို့မောင်နှမတွေကို အရမ်းချစ်တာမြင်ခဲ့ရလို့ အဲ့လိုချစ်တက်အောင် လမ်းပြခဲ့တဲ့ အဖေ နဲ့အမေကို ကျမ ချစ်တယ် ... ...

Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB

ကျမ အလုပ်တွေအရမ်းလုပ်တယ် ပြီးရင်ကျမချစ်တဲ့ အဖေအမေနဲ့ သူတို့ချစ်တဲ့မောင်နှမတွေတူတူပျာ်ပျော်ရွှင်ရွှင်နေမယ် အဲ့တာကျမ ရှင်သန်ခြင်း သီတင်းကျွတ်ရက်တွေမှာ အလုပ်တွေလုပ်ခဲ့တဲ့ ကျမရဲ့အမောပြေအချိန်လေး အမေချစ်တဲ့ အစ်မလတ်ကို ကန်တော့ပြီးပြီ....အမေ့ချစ်တဲ့ အကြီးဆုံးအစ်မကိုကန်တော့ဖို့ ကျန်သေးတယ် သမီးမမေ့ဘူးနော် အမေ မအားသေးလို့ပါ ကိုယ်ချစ်တဲ့သူရဲ့ ချစ်တဲ့သူ ကိုလိုက်ချစ်ပေးရတာလည်း စိတ်ချမ်းသာခြင်းတမျိုးပါ စကားမစပ် ကျမချစ်သူ ချစ်တဲ့သူတွေကိုလည်း ကျမလိုက်ချစ်ပေးတက်သူပါ '' ဆိုပြီး ပြောပြထားပါသေးတယ်။

Photo Credit - Myat Lay ML's FB

Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB
Photo Credit - Myat Lay ML's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။