မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက် ၁၂ နှစ်အောက် (U 12) အမျိုးသား တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၁၉ရက်က ရန်ကုန်မြို့ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါတယ်။

photo credit : MFF 'sfacbook
photo credit : MFF 'sfacbook
photo credit : MFF 'sfacbook

ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က " ဒီလို သက်တမ်းအလိုက် မျိုးဆက်သစ် ဘောလုံးပြိုင်ပွဲ‌တွေက မြန်မာ့ဘောလုံးလောက ပိုမိုတိုးတက်လာဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ ဒီပြိုင်ပွဲကနေ အကောင်းဆုံးကစားသမားတွေကို ရွေးထုတ်ပြီး ထိုင်းအကယ်ဒမီအသင်းတွေနဲ့သွားရောက် ယှဉ်ပြိုင်နိုင်အောင် စီစဉ်ပေးပါမယ်။ နောက်နှစ်တွေမှာလည်း အသက်၁၂နှစ်အောက် တိုင်းနဲ့ပြည်နယ်ဘောလုံးပြိုင်ပွဲတွေကို တစ်နိုင်ငံလုံးမှာ ကျင်းပလို့ရအောင် ကြိုးစားဆောင်ရွက်ပေးသွားမှာပါ"ဟု ပြောကြားခဲ့ပါတယ်။

photo credit : MFF 'sfacbook
photo credit : MFF 'sfacbook
photo credit : MFF 'sfacbook

အသက် ၁၂ နှစ်အောက် (U 12) အမျိုးသား တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု(က) တွင် မကွေး ၊ ရှမ်း(တောင်) ၊ တနင်္သာရီ ၊ ကယား ၊ မန္တလေး၊ အုပ်စု(ခ)တွင် ရှမ်း( အရှေ့) ၊ မွန်၊ နေပြည်တော်၊ကရင်၊ အုပ်စု(ဂ) တွင် ပဲခူး၊ ရခိုင်၊ ရှမ်း ( မြောက်)၊ ချင်း၊ အုပ်စု (ဃ)တွင် ကချင်၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန်တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပါတယ်။

source: MFF 'sfacbook

photo credit : MFF 'sfacbook
photo credit : MFF 'sfacbook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။