မျိုးဆက်သစ် ကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက်ရေးအတွက် ရည်ရွယ်ပြီး ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် အသက် ၁၂ နှစ်အောက် (U 12) အမျိုးသား တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲ အုပ်စုရေးဆွဲပွဲ အခမ်းအနားကို အောက်တိုဘာ ၁၈ ရက်က မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

အခမ်းအနားသို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကိုကိုဌေး၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ ပြိုင်ပွဲဝင်အသင်းများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။အုပ်စုများကို မဲနှိုက်ရေးဆွဲရာတွင် အုပ်စု(က) တွင် မကွေး ၊ ရှမ်း(တောင်) ၊ တနင်္သာရီ ၊ ကယား ၊ မန္တလေး၊ အုပ်စု(ခ)တွင် ရှမ်း( အရှေ့) ၊ မွန်၊ နေပြည်တော်၊ကရင်၊အုပ်စု(ဂ) တွင် ပဲခူး၊ ရခိုင်၊ ရှမ်း ( မြောက်)၊ ချင်း၊ အုပ်စု (ဃ)တွင် ကချင်၊ ဧရာဝတီ၊ စစ်ကိုင်း၊ ရန်ကုန် တို့ကျရောက်ခဲ့ပါတယ်။

photo credit :MFF' s facebook
photo credit :MFF' s facebook

ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၉(မနက်ဖြန်) နံနက် ၈ နာရီ တွင် ရန်ကုန်မြို့ အမျိုးသား ဘောလုံးအကယ်ဒမီ မြက်ခင်းတုကွင်း၌ ပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ရှမ်း(တောင်)နှင့် မန္တလေးတို့ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပါတယ်။အသက် ၁၂ နှစ်အောက် (U 12) အမျိုးသား တိုင်းဒေသကြီးနှင့်ပြည်နယ် အခြေခံပညာ ကျောင်းပေါင်းစုံ လူငယ်ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၁၉ ရက်မှ ၃၁ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါတယ်။

source:MFF' s facebook

photo credit :MFF' s facebook
photo credit :MFF' s facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။