ပရိသတ်ကြီးကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ လစ်ဗျားနိုင်ငံရှိ "Tadrat Acacus" (တာဒရက် အကာကပ်စ်) တောင်တန်းဒေသမှ ရှေးခေတ်လူသားတို့၏ နံရံပန်းချီပုံများအကြောင်းပဲဖြစ်ပါတယ်...။ ရှေးဟောင်းသုတေသန ပညာရှင်များ၏ စူးစမ်းလေ့လာမှုများကြောင့် ဤကမ္ဘာပေါ်တွင် နေထိုင်ခဲ့ကြသော ရှေးဦးလူသားတို့၏ ရုပ်ကြွင်းများ၊ အသုံးအဆောင်များ၊ အနုပညာလက်ရာများ၊ လက်နက်များကို ထုတ်ဖော်ရှာဖွေ နိုင်ခဲ့ကြပါတယ်....။

photo credit pngtree

ကျောက်ခေတ်ကာလများထဲက လူသားတို့သည် လိုဏ်ဂူများအတွင်းနေခဲ့ ကြသည်ဖြစ်လေရာ အချို့သော ကျောက်ဂူများအတွင်းတွင် သူတို့ရေးဆွဲခဲ့ကြသည့် ပန်းချီရုပ်ပုံများကို ယနေ့တိုင် မြင်တွေ့နိုင်ကြပါတယ်...။ မြန်မာနိုင်ငံ၏ ကျောက်ခေတ်ဦးကာလမှ လူသားတို့၏ နံရံ ဆေးပန်းချီများကဲ့သို့ပင် အချို့သောနိုင်ငံများတွင်လည်း ရှေးခေတ်လူသားတို့၏ နံရံပန်းချီများကို တွေ့ရှိနိုင်ရာ ကမ္ဘာအနှံ့မှ ခရီးသွားများ သွားရောက်လေ့လာ ကြည့်ရှု လျက်ရှိနေပါတယ်...။

photo credit pngtree

လစ်ဗျားနိုင်ငံတောင်ပိုင်း၊ ဆာဟာရသဲကန္တာရအတွင်းရှိ "Tadrart Acacus" တောင်တန်းဒေသသည် ဘီစီ ၁၂၀၀၀ မှ အေဒီ ၁၀၀ ခုနှစ်အတွင်းက ရေးဆွဲထားခဲ့သည့်ကျောက်ပန်းချီများကြောင့် လူသိများလှပါတယ်...။ ပန်းချီကားများ သည် ဆာဟာရဒေသ၏ မူလစွတ်စိုခဲ့သော ပတ်ဝန်းကျင်မှ ကန္တာရအဖြစ်ပြောင်းလဲခဲ့မှုများကို ထင်ဟပ်ရေးဆွဲထားပါတယ်...။ လွန်ခဲ့သောနှစ်ပေါင်း ကိုးထောင်ခန့်က ဆာဟာရဝန်းကျင်ဒေသများသည် ရေကန်များ၊တောအုပ်များတွင်တောရိုင်းသတ္တဝါ အုပ်စုများ ကျင်လည်ကျက်စားကာ စိမ်းလန်းစိုပြေခဲ့မှုကို ကျောက်တောင်များပေါ်တွင် သစ်ကုလားအုပ်များ၊ဆင်များ၊ ငှက်ကုလားအုပ်များဖြင့် ရှေးခေတ်လူသားတို့ရေးဆွဲ မှတ်တမ်းတင်ခဲ့ကြတာဖြစ်ပါတယ်...။

Source မောင်သာ ရှေးဟောင်းသုတေသန

photo credit pngtree 

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။