ပရိသတ်ကြီးရေ.. မင်းသားချော မိုးအောင်ရင်ကတော့ အနုပညာအလုပ်တွေကို ဆက်တိုက်ပြန်လည်လုပ်ဆောင်နေပြီး ပရိသတ်တွေရဲ့ အားပေးဝန်းရံမှုတွေနဲ့ အတူ အောင်မြင်နေတဲ့ ပြည်သူချစ်အနုပညာရှင်ပဲ ဖြစ်ပါတယ်နော်..။

ပီပြင်တဲ့ သရုပ်ဆောင်ကောင်းမှုတွေအပြင် ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့လူငယ်ပုံရိပ်လေးတွေနဲ့ ချောမောပြီး ဆွဲဆောင်မှုရှိတဲ့ ဝန်ပန်တွေကြောင့်လည်း ပရိသတ်တွေက အမြဲအချစ်ပိုနေကြတာပါနော်..။

Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook

ပရိသတ်တွေရဲ့ အချစ်တော် မိုးအောင်ရင်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဖွားဖြစ်သူအတွက် မိသားစုနဲ့အတူ ဆွမ်းကပ်အလှူလေး ပြုလုပ်ပေးရင်း ကုသိုလ်ယူနေပါတယ်နော်..။

အဖေဖြစ်သူရဲ့ အဆိုတော်အောင်ရဲ့ မွေးမိခင်ဖြစ်သလို အဖွားရဲ့ ကွယ်လွန်ခြင်းတစ်နှစ်ပြည့်အလှူလေးအဖြစ် မိသားစုတွေနဲ့အတူ သံဃာတေယ်များကို ဆွမ်းကပ်အလှူလေး ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook

အဖွားဖြစ်သူရဲ့ တစ်နှစ်ပြည့် ဆွမ်းကပ်အလှူပုံရိပ်လေးတွေကိုလည်း မိုးအောင်ရင်က ချစ်ပရိသတ်တွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

"မနေ့ကကျွန်တော့အဖွားဆုံးတစ်နှစ်ပြည့်အလှုမှပုံရိပ်များ..." ဆိုပြီး လှူဒါန်းကုသိုလ်ယူခဲ့တဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေကို ပြန်လည်မျှဝေထားတာမို့ အားလုံးကလည်း သာဓုခေါ်ဆုတောင်းပေးထားကြပါတယ်နော်..။

Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook
Photo Credit - Moe Aung Yi's Facebook

Photo Credit - Moe Aung Yi's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။