ပရိသတ်ကြီးကို ဒီတစ်ပါတ်တင်ဆက်ပေးမှာကတော့ "Western Wall" (အနောက်ဘက် တံတိုင်း) အကြောင်းပဲဖြစ်ပါတယ်...။ ရှေးခေတ်ကာလများကတည်းကစပြီး လူသားတို့သည် မြို့ရိုးများ၊ တံတိုင်းများကို ပိုင်နက် နယ်နိမိတ် သတ်မှတ်နိုင်ရန်၊ ရန်သူများမဝင်ရောက်နိုင်ရန်နှင့် ဒေသနေပြည်သူများ လုံခြုံစွာ နေထိုင်နိုင်ရန်တို့ကို ရည်ရွယ်ပြီး ကမ္ဘာအနှံ့တွင် ဆောက်လုပ်ခဲ့ကြတာဖြစ်ပါတယ်...။ မည်သည့်ရည်ရွယ်ချက်များဖြင့် တံတိုင်းများကို တည်ဆောက်ခဲ့ကြသည်ဖြစ်စေ ယခုအချိန်တွင် ကမ္ဘာနေရာ ဒေသအသီးသီးတွင် ရှိနေသည့်တံတိုင်းများသည် လှပသော လက်ရာရှုခင်းများအဖြစ် ရပ်တည်လျက်ရှိကြပါတယ်...။

photo credit pngtree

အစ္စရေးနိုင်ငံ ၊ ဂျေရုဆလမ် မြို့ဟောင်း ရှိ ထင်ရှားသော ဘာသာရေးနယ်မြေတွင်ရှိနေသည့် အနောက်ဘက် တံတိုင်းကို ငိုကြွေးနေသော တံတိုင်းဟု ရည်ညွှန်းပြောလေ့ရှိကြပါတယ်...။ ယခုအခါတွင် လမ်းကြောင်း ၁၇ ခုရှိနေ သည့် မြို့ရိုး အပေါ်ပိုင်း တစ်ဝက်ခန့်ကို လမ်း၏ အောက်အနိမ့်ပိုင်းတွင် မြင်တွေ့နိုင်ပါတယ်...။ ဘီစီ ၁၉ ရာစု ဝန်းကျင် ဒုတိယ ဘာသာရေး ဝတ်ပြုကျောင်းတော်ခေတ် အဆုံးပိုင်းတွင် ဟာရိုးဘုရင်က အနောက်ဘက် တံတိုင်းကို ဆောက်လုပ်ခဲ့သည် ဟု ယူဆကြပါတယ်...။

photo credit pngtree

ကျန်ရှိသော တံတိုင်းအလွှာများကို ၇ ရာစုတွင် ဆက်လက် တည်ဆောက်ခဲ့ပါတယ်...။ အစ္စရေးနိုင်ငံ၏ မြင့်မြတ်သော ဝတ်ပြုကျောင်းတော်၏ အကြွင်းအကျန်အဖြစ် အနောက်ဘက် တံတိုင်း ကို မြင်တွေ့နိုင်ပါတယ်...။ ထို့ကြောင့် အနောက်ဘက်တံတိုင်း နေရာသည် ဂျူး ဘာသာဝင်တို့၏ ဘုရားဖူးလာရောက်ရာ နေရာ တစ်နေရာ ဖြစ်လာခဲ့ပါတယ်...။

source မောင်သာရှေးဟောင်းသုတေသန

photo credit pngtree

photo credit pngtree

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။