ပရိသတ်တွေရဲ့အချစ်တော်လေး သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေရဲ့အာရုံကိုဖမ်းစားဆွဲဆောင်နိုင်တဲ့ နတ်မိမယ်လေးဖြစ်ပါတယ်။သင်ဇာဝင့်ကျော်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်းသူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်ပြီး ဝန်းရံအားပေးနေကြတာဖြစ်ပါတယ်နော်။သင်ဇာရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်မကရှိနေပြီဖြစ်လို့ အနုပညာနယ်ပယ်မှာ နေရာတစ်ခုရရှိနေပြီဖြစ်ပါတယ်။

Photo Credit:Nay Min Tun
Photo Credit:Nay Min Tun
Photo Credit:Nay Min Tun

သင်ဇာပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ပရိသတ်တွေက အားပေးကြည့်ရှု့ကြပြီး သူမရဲ့အိုင်တင်တွေမှာ မျောပါနေရတာဖြစ်ပါတယ်။လက်တလောမှာလည်း သင်ဇာက မြမြရုပ်ရှင်ဇာတ်ကားကြီးကို ပါဝင်သရုပ်ဆောင်နေလို့ ပရိသတ်တွေက ဇာတ်ကားထွက်လာရင် အားပေးကြဖို့အဆင်သင့်ဖြစ်နေကြပါပြီနော်။

Photo Credit:Nay Min Tun
Photo Credit:Nay Min Tun
Photo Credit:Nay Min Tun
Photo Credit:Nay Min Tun

ပွဲအခမ်းအနားတွေကိုလည်း အမြဲလိုလိုတက်ရောက်နေတဲ့ သင်ဇာက အခုတစ်ခါမှာလည်း ပွဲလေးတစ်ပွဲကို အမိုက်စားစတိုင်လ်နဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။ဖက်ရှင်ကျအောင်ဝတ်စားတတ်ပြီး ဆွဲဆောင်မှုအရမ်းရှိ‌တာကြောင့် ပွဲလာသူပရိသတ်တွေရဲ့အကြည့်တွေကို သိမ်းပိုက်နိုင်တဲ့သူလေးပါနော်။အမြင်မရိုင်းဘဲ ဖက်ရှင်ကျလှပနေတဲ့ သင်ဇာ့ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:Nay Min Tun
Photo Credit:Nay Min Tun
Photo Credit:Nay Min Tun
Photo Credit:Nay Min Tun

Source:Thinzar Wint Kyaw'sFacebook

Photo Credit:Nay Min Tun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။