မင်းသမီးချောလေး အိချောပိုကတော့ ပုရိသတွေရဲ့အသည်းနှလုံးကို အပိုင်စားရရှိထားတဲ့ မိန်းမလှလေးပဲ ဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ ကောက်ကြောင်းအလှတွေကို ပိုင်ဆိုင်ထားတဲ့ အိချောပိုက မိန်းကလေးချင်း ငေးကြည့်ရလောက်အောင်ကို လှနိုင်လွန်းတာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အိချောပိုက တစ်နေ့တစ်ခြား ပိုပိုပြီးလှသွေးကြွယ်လာတာလည်း တွေ့ရပါတယ်။
လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများဆုံးရိုက်ကူးနေရတဲ့ အိချောပိုက အခုရက်ပိုင်းမှာလည်း မင်းသားမြင့်မြတ်၊ မင်းသားထွန်းထွန်းတို့နဲ့အတူ '' Player '' ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ပရိသတ်တွေကို ရင်ခုန်သံမြန်အောင် ဖမ်းစားတတ်တဲ့ အိချောပိုက အခုလည်း အရမ်းကိုဆွဲဆောင်မှုပြည့်ဝလွန်းတဲ့ အလန်းစားပုံရိပ်လေးတွေကို သူမရဲ့လူမှုကွန်ယက်မှာ အသစ်တင်ထားပါတယ်။
အိချောပိုက '' တစ်ခါတစ်ရံမှာ ပြောစရာစကားလုံးတွေ ကင်းမဲ့သွားလောက်အောင် တွေဝေဖူးတယ်....'' ဆိုတဲ့စာသားလေးနဲ့အတူ ပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ်။ အိချောပိုက ညို့အားပြင်းတဲ့ မျက်ဝန်းလှလှလေးတွေနဲ့အတူ အစွမ်းကုန်လှပနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေး အိချောပိုရဲ့အမိုက်စားအလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit - Ei Chaw Po's Fb & Amazing Grace
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။