စမိုင်းလ်တို့မိသားစုလေးကို ပရိသတ်တွေကအားကျကြပြီး မိသားစုဝင်တွေအကုန်လုံးက ရိုးရှင်းပွင့်လင်းတဲ့သူတွေဖြစ်လို့ လူချစ်လူခင်ကလည်း အင်မတန်ပေါပါတယ်နော်။စမိုင်းလ်က ဟိုးအရင်ကတည်းက အနုပညာအလုပ်တွေကိုလုပ်ဆောင်ခဲ့ပြီး ဗီဒီယိုဇာတ်ကားတွေနဲ့ သီချင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကြောင့် ပရိသတ်တွေနဲ့မစိမ်းသက်ပါဘူးနော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

စမိုင်းလ်က အခုချိန်မှာဆိုရင်လည်း အနုပညာအလုပ်တွေကို တတ်နိုင်သလောက်သာလုပ်ဆောင်ပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်နေတာပဲဖြစ်ပါတယ်။အလှူအတန်းဆိုလည်း ရက်ရောလွန်းတဲ့ စမိုင်းလ်တို့မိသားစုက မကြာသေးခင်ရက်ကမှ ကလေးအယောက်၅၀၀အတွက် လွတ်လွတ်လပ်လပ် ပျော်ပျော်ပါးပါးဆော့ကစားလို့ရအောင် သေချာစီစဉ်ပေးခဲ့ပါတယ်နော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

အခုဆိုရင်လည်း စမိုင်းလ်က ချစ်ခင်ပွန်း ရဲ့၃၈နှစ်ပြည့်မွေးနေ့လေးကို ကုသိုလ်တွေအများကြီးနဲ့ဖြတ်သန်းစေပြီး မနေ့ကညမှာလည်း ရွှေတိဂုံဘုရားပေါ်မှာ ဆီမီး ၁၀၀၀၀ပူဇော်ပြီး မိသားစုသုံးယောက်အေးချမ်းစွာကုသိုလ်ယူခဲ့ပါတယ်နော်။ပရိသတ်ကြီးလည်း စမိုင်းလ်တို့မိသားစုပုံရိပ်လေးကို တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook
Photo Credit:စမိုင်းလ် Smile's Facebook

Photo Credit:စမိုင်းလ် Smile's Facebook

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။